Pages

Monday, April 29, 2013

Arakan Conflict Investigation Commission Report

Read more...

Thursday, April 11, 2013

Dr. Jacques Leider Interview with Mawgun Magazine

Read more...

"Rohingya", Rakhaing and the Recent Outbreak of Violence - A Note

Read more...

Thursday, March 28, 2013

Analysis of Francis Buchanan's 'Rooingas' and 'Rossawns' by Khin Maung Saw

Read more...

Friday, March 15, 2013

ဒီမိုကရေစီ သည် လိုတရ ဖန်းဆင်ရှင် စနစ်မဟုတ်







ဒီမိုကရေစီ စနစ် ရင်သန်ထက်မြက်ဖို့အတွက် အဆိုပါစနစ်အောက်က ပြည်သူများသည် အနည်းဆုံးအခြေခံအသိပညာ (စာတတ်ခြင်းထက် ပညာတတ်ရမည်) တတ်ဖို့ လိုသည်ဟု ပညာရှင်များ ပြောသည်ကို မှတ်သားဖူးသည်။ 

ယင်းသို့ ပြောသဖြင့် လူဆဲခံရသည်များလည်း ကြုံဖူးသည်။ 
ပညာမရှိသူများကို နှိမ်ချပြောဆိုသည် ဟု ထင်ကြသည်။ ဒီမိုကရေစီဖွံ့ဖြိုးစ နိုင်ငံများတွင် ကြုံရသည်များကို မေ့နေကြသည် (သို့) မသိကြပေ။ 

ဒီမိုကရေစီ သည် လိုတရ ဖန်းဆင်ရှင် စနစ်မဟုတ်ပေ။ စနစ်နှင့်အတူ၊ မူနှင့်အတူ လူများလည်း အသီးသီးပြောင်းလဲကြရသည်။ စနစ်တစ်ခုကို ပြောင်းလဲသည်မှာ မြန်နိုင်သော်လည်း (တကယ်တမ်း မပြောင်းချင်ပဲ ပြောင်းယောင်ဆောင်လျှင် နှေးကွေးသည်မှာလည်း အမှန်ပင်။) လူအများ၏ စိတ်နေစိတ်ထားကို ပြောင်းလဲရန်မှာ နှစ်ကာလ ရှည်လျားလွန်းတတ်သည်။ အများ မမြင်ကွယ်ရာတွင် လမ်းပေါ်အမှိုက်ပစ်ခြင်းများ ရှောင်ကြဉ်တတ်ကြပြီလား။ တိုက်လှေကားထစ်ထောင့်များတွင် ကွမ်းတံတွေးပစ်ခြင်းများ ရပ်ကြပြီလား။ ဖေ့ဘုတ်ပေါ်တွင် အကောင့်အတုများဖြင့် ဖရိုဖရဲ ပြောဆိုရေးသားခြင်းများ ဆင်ခြင်ကြပြီလား မေးကြည့်ချင်သည်။

တရုတ်ပြည်ကြီး၏ လက်အောက်သို့ ကျရောက်ကာ တင်းပြည့်ဒီမိုကရေစီ ဆုံးရှုံးသွားသော ဟောင်ကောင်ဒေသခံများသည် ကွန်မြူနစ်ကြိုးကိုင်စနစ်အောက်တွင် နေကြရသော်လည်း မိရိုးဖလာဒီမိုကရေစီခံယူချက် အရင်းခံများကြောင့်
ပြည်ကြီးတရုတ်များထက် အရာရာတွင် သာကြသည်။ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်များကို ကာကွယ်သကဲ့သို့ ပြည်ကြီးတရုတ်များထက် စည်းကမ်းရှိကြသည်။

ဂျပန်ပြည်ကို ဆူနာမီရိုက်သောအခါ ဂျပန်ပြည်သူများ ဒုက္ခအတိ၊ စိုးရွံ့မှုအတိနှင့် နေကြရသည်။ ရက်သတ္တပတ်အတော်ကြာအောင် အစားအစာများ ရှားပါးမှုကြောင့် ကုန်စုံဆိုင်များတွင် တန်းစီဝယ်ကြရသည်။ သို့သော်လည်း ဂျပန်လူမျိုးများသည် တစ်ဦးကို တစ်ဦး တွန်းခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း စသည့် လက္ခဏာများကို မဖော်ပြပဲ စနစ်တကျ စီတန်းကာ မိမိအလှည့်ကို စောင့်၍ ဈေးဝယ်ကြသည်။ အရေးတကြီးအချိန်မှာတောင် ငါလိုတာ ယူမည်ဆိုပြီး ထင်တိုင်းမကြဲခဲ့ကြပေ။

သို့သော် ပစိဖိတ်သမုဒ္ဒရာ၏ တခြားတစ်ဘက် တရုတ်ပြည်တွင်မူ ဂျပန်ပြည်မှ ရေဒီယိုသတ္တိကြွဓာတ်များ ရွေ့လျားလာနိုင်သည်ဟု စိုးရိမ်မှုဖြင့် စတိုးဆိုင်များတွင် လူအများ ဆားထုပ်များကို တွန်းတိုးကာ
လုဝယ်ကြသည် ကို တီဗွီများတွင် တွေ့ရသည်။

အရာရာကို ချင့်ချိန်စဉ်းစားဆုံးဖြတ်နိုင်မှုစွမ်းအားသည် အတန်းပညာအပြင် အတွေ့အကြုံ၊ စာကောင်းဖတ်နိုင်စွမ်း၊ ခေါင်းအေးထားနိုင်စွမ်း၊ ခြုံငုံစဉ်းစားနိုင်စွမ်းများပေါ်တွင်လည်း အများကြီးမူတည်သည်။ ပြဿနာတစ်ခုကို သုံးသပ်ရာတွင် မိမိလိုရာဆွဲခြင်း (subjective) ထက် မျှမျှတတသုံးသပ်ခြင်း (objective) ဖြစ်ဖို့လိုသည်။ စိတ်လိုက်မာန်ပါ ၀ရုန်းသုန်းကား ပြောဆိုခြင်း (emotional) ထက် စနစ်တကျ အချက်ကျကျ (professional) တင်ပြတတ်ဖို့လည်း လိုသည်။

လုပ်ပိုင်ခွင့်ရှိသော ခေါင်းဆောင်များ စိတ်ထားမှန်ဖို့ လိုသကဲ့သို့ ပြည်သူများမှာလည်း အခြေခံအသိပညာဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုသည်။ သို့မှသာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ အလားအလာများမည်။ သို့မဟုတ်ပါက ...





Read more...

Sunday, March 10, 2013

Sink Hole

Karst formations ဆိုတာဟာ ထုံးကျောက်တို့၊ dolomite ကျောက်တို့ တိုက်စားခံရတာကနေ ဖြစ်ပေါ်တတ်တဲ့ ဘူမိဗေဒဖြစ်စဉ်တစ်ခုပါ။ 
မြန်မာပြည်က ပင်းတယ လှိုဏ်ဂူ (cavern) လိုမျိုးဟာ Karst formation ထဲက တစ်ခုပါ။ မြေအောက်ရေစီးကြောင်းတို့၊ Sink hole တို့လို့ ဟာမျိုးတွေဟာလည်း Karst Formation တွေထဲက တစ်ခုပါ။

Sink Hole လို မြေကျွံကျတာမျိုးတွေဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ အဖြစ်များပါတယ်။ ပင်းတယလှိုဏ်ဂူထဲက ကျောက်စက် ပန်းဆွဲ (stalacite) ၊ ကျောက်စက် မိုးမျှော် (stalagmite) တွေဟာ သူ့တို့ရဲ့ ဘူမိဗေဒ ဖြစ်စဉ်အရ အမြဲတမ်းဖြစ်ပေါ်နေသလို
Sink hole တွေမှာလဲ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။
ဖလော်ရီဒါပြည်နယ်ဆိုရင် အောက်ခံ ထုံးကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် အက်စစ်ဓာတ်ပါတဲ့ ရေတွေ နဲ့ ထိတွေ့ပြီး တိုက်စားနေတတ်ပါတယ်။ မြေအောက်မှာ ဥမှင်လိုဏ်ခေါင်းတွေ၊ အပေါက်တွေ ဖြစ်နေတတ်ပြီး တခါတလေ အပေါ်က မြေထုနဲ့ အောက်ခံ အပေါက်တွေ သဟဇာတ မဖြစ်တဲ့ တစ်ရက်မှာ မြေကျွံတတ်ပါတယ်။ Sink Hole တွေ အဖြစ်များတဲ့ နေရာတွေမှာ လူနေအိမ်ခြေတွေ ဆောက်တာကို ကန့်သတ်ထားပေမဲ့ ကြီးမားလှတဲ့ ဖလော်ရီဒါတစ်ခုလုံးကို အသေးစိတ် အကွက်ကျကျ sink hole mapping လုပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း တခါတလေ သတင်းတွေမှာ မြေကျွံမှုကြောင့် လူသေမှု၊ ပျက်စီးမှုတွေကို တွေ့ရတတ်ပါတယ်။

ဒီလင့်မှာ sink hole accident သတင်းဖြစ်ပါတယ်။

ဒါပေမယ့် ဒါဟာ အကုသိုလ်များလို့ မြေမျိုခံရခြင်းဆိုတဲ့ အယူနဲ့ ဘာဆိုဘာမှ မဆိုင်ပါဘူး။ ဒီ ဘူမိဗေဒဖြစ်စဉ်ကို သိပ္ပံနည်းကျကျ မှတ်တမ်းပြုထားပြီးသားပါ။
တချို့ကိစ္စတွေမှာ အယူသီးတာတွေဟာ လူမှု့အဖွဲ့အစည်းတိုးတက်မှု လမ်းကြောင်းမှန်ထက်ကို မရောက်အောင် ကန့်လန့်လုပ်နေတတ်ပါတယ်။ ဒါကြောင့် တချို့အရေးအသားတွေ အပြောအဆိုတွေကို ရှောင်ကြဉ်သင့်ပါတယ်။

http://www.facebook.com/photo.php?v=170711706412785&set=vb.439724399402548&type=2&theater

Read more...

Thursday, February 28, 2013

The Eastern Frontier of British India (1784-1826)

အင်္ဂလိပ်ကိုလိုနီလက်ထက် လက်ရှိအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရခိုင်ပြည်နယ် စသည့် ဒေသများ၏ အုပ်ချုပ်ရေးနှင့် ဒေသန္တာရ အကြောင်းအရာများ ပါဝင်သော The Eastern Frontier of British India (ဗြိတိသျှအိန္ဒိယ၏ အရှေ့ဘက်နယ်ခြားဒေသများ) အမည်ရသော မှတ်တမ်း။
Click here 
Read more...

Monday, November 12, 2012

ကုလားဟူသော ဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးလော (ဇော်ထွေးမောင်)




ယခုတလော ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဟုတ်မဟုတ်ဆွေးနွေးငြင်း ခုံနေကြသည်ကိုဖတ်ရပါသည်။ ၎င်းတို့ဖာသာ၎င်းတို့ "ရိုဟင်ညာ" ဟုသမုတ်ထားသူများ၏ခေါင်းဆောင် တဦးဖြစ်သည့် ဝါကာအူဒင်က ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံး ဖြစ်ပါသည်၊ မြန်မာများက အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများကို "ငမဲ"ဟုရှုံ့ချခေါ်ကြပါသည်ဟု ကမ္ဘာပတ်ပြီး လျှောက်အော်နေပါ၏။ ဝါကာအူဒင်သည် မြန်မာစကား နှင့်စာကို ကောင်းစွာတတ်သူမဟုတ်ကြောင်း ထိုသူ၏ ရေဒီယို အင်တာဗျူးများကို နားထောင်ဖူးသူတိုင်း သိကြပါလိမ့်မည်။ 

အဆိုပါစကားလုံးအား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့်စပ်လျဉ်း၍ စာရေးသူသည် မြန်မာစာပေပါအသုံးများ၊ ထင်ရှားသည့် မြန်မာပညာရှင်များ၊ နိုင်ငံခေါင်းဆောင်များနှင့်ထင်ရှားသောပုဂ္ဂိုလ်များ၏သုံးစွဲပုံများနှင့် ပညာရှင်မဟုတ်သော သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် ရေးသားထားသည်များ၏ ခြားနားချက်များကို "ကွက်ကွက် ကွင်းကွင်း မုန့်တီဟင်းကဲ့သို့" ဆိုသော ဦးပုည၏စကားအတိုင်း ရှင်းလင်းပြတ်သားစွာ ထောက်ပြပါမည်။

မြန်မာပညာရှင်များ၏အယူအဆ

ယူဆချက် (၁) 

ကုလားဟူသောစကားသည် ကုလဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်းအယူအဆတရပ် ရှိပြီး မြင့်မြတ်သော အမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ ကုလပုတ္တ မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက် လာသော သား၊ အမျိုးကောင်းသား ဟုဆိုလိုသည်။ ရှေးဦး မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် မွန်၊ဗမာ၊ရခိုင်၊ရှမ်း၊ကရင် စသည့်မျိုးနွယ်စုများက အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများအား ဤအခေါ်အဝေါ်အားဖြင့် ခြီးမြှောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တော်တိုင်ပင် အိန္ဒိယတိုင်းသား တဦးဖြစ်သော ကြောင့် ပေတည်း။ 

အထောက်အထားများ၊ 
၁၊ မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ရန်ကုန်၊ ၁၉၉၁၊ စာမျက်နှာ ၉ ကုလား /kla;/ n 1 အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများ။ 2 သာမန်အားဖြင့် မြန်မာနိုင်ငံအနောက်ဖက်ရှိ တိုင်းနိုင်ငံများမှ လာသောသူများ။ 3 စက္ကူဖဲတွင် ဂျက်၊ကွင်း၊ကင်း ဖဲချပ်ကိုခေါ်သောစကား န၀ိ- နိုင်ငံခြားမှလာသော။ နိုင်ငံခြားမှဖြစ်သော။ [ပါ၊ကုလ] 

၂။ ဦးဝန်၊ တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁)၊ ရန်ကုန်၊ ၁၉၅၂၊ စာမျက်နှာ ၂၂။ ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူများ----နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ဂလာ။ ပါ၊ကုလ] 

၃။ ဦးဟုတ်စိန်၊ ပါဠိမြန်မာအဘိဓာန်၊ ဒုတိယပိုင်း၊ ရန်ကုန်၊ ၁၉၅၆၊ စာမျက်နှာ ၃၂၉ ။ ကုလ [ကုလ] (န) အမျိုး။ မြတ်သောအမျိုး။ အိမ်။ မိဘအိမ်။ အလုပ်အကျွေး ဒါယကာ။ 

ယူဆချက် (၂) 
ဒုတိယအယူအဆအနေဖြင့် ကုလားဟူသောဝေါဟာရသည် မွန်စကား ဂိုလ (ရွှံ့ဖြင့်လုပ်သောအိမ်၊ မြေဖြင့်လုပ်သောအိမ်တွင်နေသူများ) မှဆင်းသက်လာကြောင်း သိရှိရသည်။ 

အထောက်အထား၊ 
မွန်ဘာသာဖြင့်ရေးထိုးသည့် ကလျာဏီကျောက်စာ၊ အေဒီ ၁၄ ရာစု၊ ပဲခူး။ 

ယူဆချက် (၃) 
တတိယအယူအဆအနေဖြင့် ကုလားဟူသောစကားလုံးသည် ကိုလား (Cola/Chola) ဟူသော ဝေါဟာရများမှ ပြောင်းလဲဖြစ်ပေါ်လာသည်။ 

အထောက်အထား၊ 
Myanmar-English Dictionary, Department of the Myanmar Language Commision, Ministry of Education, Union of Myanmar, "A History of the Myanmar Alphabet, p.iv.

“အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မောရိယ (Maurya) မင်းဆက်ပျက်သုဉ်းပြီးနောက် အန္ဓရ (Andhra) မင်းဆက်ပေါ်ထွန်းလာခဲ့သည်။ ထို့နောက် ပလ္လဝါ (Pallava), ကဒမ္ဗ (Kadamba), ကလုကျ (Calukya), ရပ်စတြကုတ (Rashtrakuta) နှင့် ကိုလား (Cola) ကဲ့သို့သော မင်းဆက်များ ဆက်လက်ပေါ် ထွန်းခဲ့ သည်။ အဆိုပါမင်းဆက်များထီးနန်းစိုးစံစဉ်ကာလအတွင်း ဗြဟ္မီအက္ခရာစာပေ (Brahmi) ထွန်းကားလာ ခဲ့ပြီး အနောက်ပိုင်းတွင် ပတ်ချီမီ (Pacchimi) အရေးအသား၊ အလယ်ပိုင်းတွင် မဓယပါရာဒက်ရှ် (Madhya Pradesh) အရေးအသား၊ တောင်ပိုင်းတွင် တယ်လဂူ (Telugu), ကနာတီ (Kanati), ကဝိသုံး ဂရန္တ (academic Grantha) နှင့် ကဒမ္ဗ (Kadamba), ကလုကျ (Calukya) , ရပ်စတြကုတ (Rashtrakuta) တို့ပါဝင်သော တမီလ် Tamil စသည့် စာပေအရေးအသားတို့ ထွန်းကားလာခဲ့သည်။ ဗြဟ္မီစာပေမှ ဆင်းသက်လာသော ၎င်းစာပေ အရေး အသားတို့သည် အိန္ဒိယမှ ကိုးကွယ်ယုံကြည်မှုများ၊ ယဉ်ကျေးမှု များနှင့်အတူ အေဒီတစ်ရာစုမှ ရှစ်ရာစု အတွင်း တိဗက်၊ သီရိလင်္ကာ၊မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံ များသို့ ပျံ့နှံ့သွားပြီး ၎င်းဒေသများမှ တိုင်းရင်းသားဘာသာ စာပေအရေးအသားတို့ကို ဖွံ့ဖြိုးတိုး တက်စေရန် ကူညီပေးခဲ့သည်။ 

အရှေ့တောင်အာရှဒေသသို့ အိန္ဒိယတောင်ပိုင်းသားများ ရေကြောင်းခရီးဖြင့် အိန္ဒိယစာပေ၊ယဉ်ကျေးမှု တို့ကို တပါတည်းယူဆောင်ကာ ရောက်ရှိလာချိန်မှစတင်၍ ဒေသခံများမှ ၎င်းတို့အား ကိုလား (Cola /Chola လူမျိုးများဟု ခေါ်ဆိုခဲ့ကြဟန်ရှိသည်။ ထို့ကြောင့် ၎င်းအခေါ်အဝေါ်သည် မွန်တို့၏မူလအသုံး အနှုန်းဖြစ်သော ဂိုလ/ဂလာ၊ ကရင်လူမျိုးတို့၏ ကိုလား/ ကူလား နှင့် ဗမာလူမျိုးတို့ခေါ်ဝေါ်ကြသည့် ကုလား စသည့် အသုံးအနှုန်းများနှင့်ဆက်သွယ်မှုရှိနိုင်ပါသည်။ 

စာရေးသူထုတ်နုတ်တင်ပြခဲ့သည့် စာပေများအရ ကုလားဟူသော ဝေါဟာရသည် ပါဠိစကား ကုလ မှဆင်းသက်လာခြင်း (သို့) အိန္ဒိယတောင်ပိုင်းရှိ ကိုလား (Cola/Chola) မင်းဆက် ဟူသောစကားနှင့် ဆက်စပ်မှုရှိခြင်း (သို့) နှစ်မျိုးစလုံးနှင့် ဆက်စပ်မှုရှိပြီး မွန်တို့က ဂိုလာ/ဂလာ ဟုမွေးစားယူကာ ဗမာများထံတွင် ကုလားဟု အသံထွက်ပြောင်းသွားကြောင်း တွေ့ရှိနိုင်သည်။ အထက်ဖော်ပြပါ အယူ အဆ အားလုံးတွင် ကုလားဟူသောဝေါဟာရသည် အဖျက်သဘောဆောင်သည့် အဓိပ္ပါယ် သက်ရောက် မှုမျိုး (၀ါ) ချိုးနှိမ်သည့် သဘောဆန်သောအဓိပ္ပါယ်သက်ရောက်မှုမျိုး လုံးဝမရှိခဲ့ ကြောင်း ဖော်ပြလျှက် ရှိသည်။ ထို့ ကြောင့်ယင်းအသုံးအနှုန်းကို ဧကူနခြင်းကင်းပြီး လွတ်လပ်စွာ ပြောဆို ရေးသား သုံးနှုန်းနိုင် သည်သာမက ၎င်းအသုံးအနှုန်းသည် အပြုသဘောဆောင်သည့် အဓိပ္ပါယ်မျိုးပါ သက်ရောက် စေကြောင်း တွေ့ရှိနိုင်ပါသည်။ 

ကုလားဟူသော ဝေါဟာရသည် ရှေးဟောင်းစကားအခေါ်အဝေါ်တခုဖြစ်ပါသည်။ ပုဂံခေတ်ကျောက် စာများ (အေဒီ၁၂ရာစု-အေဒီ ၁၄ရာစု)တွင် ကုလားဟူသော စကားလုံးနှင့်စပ်လျဉ်း၍ ကုလားကခြေ သည်၊ ကုလားပသာသည် စသည့် အသုံးအနှုန်းများကို တွေ့ရှိနိုင်သည်။ 

အိန္ဒိယဗိသုကာပုံစံဖြင့် တည်ဆောက်ထားသော စေတီပုထိုးများကိုပင်လျှင် ကုလားကျောင်းဟုခေါ်ဝေါ် ကြသည်။ အကယ်၍ ကုလားဟူသော ဝေါဟာရသည် ခေါ်တွင်ခံရသည့် ပုဂ္ဂိုလ်(သို့)အရာဝထ္ထုအား ဂုဏ်သရေညှိုးနွမ်းစေခဲ့လျှင် (၀ါ) ချိုးနှိမ်သည့် သဘောဆန်သောအဓိပ္ပါယ်သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် မြန်မာတို့အနေဖြင့် ၎င်းတို့အမြတ်တနိုးကိုးကွယ်ရာ စေတီပုထိုးများကို ကုလားအမည်ရှေ့မှထည့်၍ ခေါ်ဆိုလိမ့်မည် မဟုတ်ချေ။ 


ပုဂံမင်းဆက်မှ အလောင်းစည်သူမင်းကြီး၏သားတော် နရသူမင်းအား ရာဇ၀င်ဆရာတို့က ကုလားကျမင်း ဟုခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုမင်းအား အိန္ဒိယလူမျိုးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ အကယ်၍ ကုလားဟူသောဝေါဟာရသည် သိမ်ဖျင်းနိမ့် ကျသော အသုံးအနှုန်း တခု ဖြစ်ခဲ့လျှင် (၀ါ) ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ် သက်ရောက်မှု မျိုးရှိနိုင်ခဲ့လျှင် ထိုခေတ် အခါက သက်ဦးဆံပိုင်ဘုရင်အား မည်သူတဦးကမျှ ထိုကဲ့သို့သော အမည်ဖြင့် အမှတ်သညာပြုရဲလိမ့်မည် မဟုတ်ချေ။(နှိုင်းယှဉ်ရန်-ပုဂံခေတ် နရသီဟပတေ့မင်းအား ရာဇ၀င်တွင် တရုတ်ပြေးမင်းဟုဖော်ပြထား သည်။ အဘယ်ကြောင့်ဆိုသော်၎င်းဘုရင်သည် အေဒီ၁၂၈၇ ခုနှစ်တွင် ကူဗလိုင်ခန်၏ တရုတ်တပ်များ ၀င်ရောက်တိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသောကြောင့် ဖြစ်သည်။)

မြန်မာရာဇ၀င်ဆရာများထဲတွင် အထင်ရှားဆုံး ရာဇ၀င်ကျမ်းသုံးစောင်ကို ညောင်ရမ်းခေတ် (ဒုတိယ အင်းဝမင်းဆက်) အတွင်း ရေးသားပြုစုခဲ့သူ၏အမည်မှာ ဦးကုလား ဖြစ်သည်။ အကယ်၍ ကုလား ဟူသော အမည်သည် အောက်တန်းကျသည့် အမည်နာမတစ်ခုဖြစ်နေခဲ့ပါလျှင်(သို့) ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ် သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် အလွန်ထင်ရှားကျော်ကြားသည့် ထိုရာဇ၀င်ဆရာသည် ၎င်း၏အမည်အားပြောင်းလဲပစ်မည်မှာ သေချာသည်။ 

ရှေးခေတ်အခါက ရခိုင်၊ဗမာ၊မွန် ဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ ဗုဒ္ဓ၏မျိုးနွယ်ဖြစ်သည့် သကျ သာကီဝင် မျိုးရိုးမှ ဆင်းသက်လာသည်ဟု ထုံးတမ်းစဉ်လာအရ ယုံကြည်ခဲ့ကြသည်။အထက်ပါအချက် အရ ထိုဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ အိန္ဒိယတိုင်းသားမျိုးဆက်များအဖြစ် ယုံကြည်ခဲ့ကြောင်း သိရှိနိုင်သည်။ အဆိုပါအချင်းအရာများကို ကြည့်ခြင်းဖြင့် အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများနှင့် ပတ်သက် ၍ နှိမ့်ချဆက်ဆံခြင်း(သို့) လူမျိုးရေးခွဲခြားခြင်းစသည့် အချက်များ မြန်မာများ၌၎င်း၊ အခြားတိုင်းရင်းသား များတွင်၎င်း မရှိခဲ့ကြောင်း သိနိုင်ပါသည်။ 

မြန်မာဘာသာစကားတွင် တစုံတခုကို ကုလားဟူသော အသုံးအနှုန်းဖြင့် ရှေ့မှဖြစ်စေ၊နောက်မှဖြစ်စေ ပေါင်းစပ်၍ အမည်သစ်ဖန်တီးကာ ထိုအရာသည် မူလဘူတနိုင်ငံခြားမှဖြစ်ကြောင်း(သို့) နိုင်ငံခြားမှ ၀င်ရောက်လာကြောင်း(သို့) မြန်မာပြည်၏ အနောက်ဖက်ရှိတိုင်းပြည်များမှဖြစ်ကြောင်းကို အလွယ်တကူ သိရှိနိုင်ရန် ခေါ်ဆိုလေ့ရှိသည်။ 

ဥပမာများ။ 
(၁) ရှေ့တွင်ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ။ ကုလားစပါး (ဂျုံ)၊ ကုလားတည် (သရက်သီးကုလားတည်၊ မရမ်းသီးကုလားတည်)၊ ကုလားထိုင်၊ ကုလားပဲ၊ကုလားဖြူ၊ ကုလားနံနံ။ 

(၂) နောက်တွင် ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ။ 

ဆိတ်ကုလား (သိုး)၊ (မှတ်ချက်၊ ဆိတ် ကို ဆိတ်မြန်မာ၊ သိုး ကို ဆိတ်ကုလား ဟုခေါ်ကြောင်း ဆရာတော် ဦးဩဘာသ ၏ မဟာဇနက္က ဇာတ်တော်ကြီးတွင်တွေ့နိုင်သည်။)၊ ဒုံးကုလား (ယာဉ်ထောက်ဂျက်)၊ ငှက်ကုလား၊ ဗွတ်ကုလား၊ ကျေးကုလား။ 

ခိုင်မာသည့်စာပေများတွင် ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ။ 

(1) ယောအတွင်းဝန်ဦးဖိုးလှိုင်-ဥတုဘောဇနသင်္ဂဟကျမ်း၊စာမျက်နှာ-၈၉ [အနောက်ပြည်သားများကို မြန်မာတို့က ကုလားခေါ်သည်] 
(2) ပုဂံဝန်ထောက်မင်းဦးတင်-မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း၊ ရန်ကုန်၊ ၁၉၃၁ခုနှစ်၊ စာမျက်နှာ ၃၃-၃၅ [ကုလားမျိုး ၆၀ ရှိကြောင်းကို…….] 
(3) အရေးတော်ပုံငါးစောင်တွဲ-သုဓမ္မ၀တီပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၂၀ခုနှစ်၊ စာမျက်နှာ ၃၅၆ [ကုလားပန်းသေးမြို့သားများ……] 
(4) မန်လည်ဆရာတော်-မဟာသုတကာရီ မာဃဒေ၀လင်္ကာသစ်၊ ရန်ကုန်၊ ၁၉၀၄ ခုနှစ် (ပြန်လည်ပုံနှိပ်ခြင်း ၁၉၃၈ခုနှစ်)၊ စာမျက်နှာ ၃၇ [ကုလားပသီ ဘရင်ဂျီက………..] 
(5) တော်စိန်ခို- လွှတ်တော်မှတ်တမ်း၊ ရန်ကုန်၊ ၁၉၁၅ခုနှစ်၊ စာမျက်နှာ ၂၉ [သူပုန်ကုလား အင်္ဂလိပ်လူမျိုးတို့ကို…] 
(6) ကျည်းကန်ရှင်ကြီး- အမရပူရသို့ပေး မေတ္တာစာ၊ ၁၈ရာစုအတွင်း ရန်ကုန်သို့အလည်အပတ် လာရောက်စဉ် ရေးစပ်ခဲ့သည်။ [အာရမဏီ ဘရင်ဂျီ၊ ကပ္ပလီခလာသီ၊ ဇော်ဂျီကလယ်၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိနှင့်………] 

ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ။ 

(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း။ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းတွင် မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ဖြုန်းတီးမှုများကို ထောက်ပြသွားပြီး အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပမှတင်သွင်းကုန် အရေအတွက်ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။ 

“ဆီကို ကုလားပြည်က ၀ယ်ရတယ်။” 

အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစုံတရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ် သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားလိမ့်မည် မဟုတ်ချေ။ 

(2) ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု။ Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန်ဆိုခဲ့သည့် ၀န်ကြီးချုပ်ဦးနု၏ ငါးနှစ်ရာသီ ဗမာပြည် စာအုပ် စာမျက်နှာ ၁၇ တွင်- “ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။” 

စာမျက်နှာ ၂၀၅ တွင်- “အုပ်ချုပ်ရေးစီရင်မှုအဖွဲ့ (preparatory Committee) ကိုဖွဲ့ပြီး၍ တလလောက်ရှိသောအခါ တနေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည် ချောင်း၍ အသတ်ခံရမည်လောဟူ၍) တိုင်ပင်ဘူး၏။” 

(3) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ သတင်းစာဆရာ၊စာရေးဆရာ ဦးသိန်းဖေမြင့်။ သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာ စာအုပ် စာမျက်နှာ၁၇၀ တွင်- “ကုလားဆင်းရဲသားများကား ဗမာပြည်၌လာရောက်နေထိုင်ရသော ကျေးဇူးကိုမေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တခါတခါ ဗမာများနှင့် ဆိုးတူကောင်းဘက် ဆောင်ရွက်ကြလေသည်။ ရေနံချောင်း၊တညင်စသော ရေနံမြေသပိတ်တို့၌၎င်း၊ အခြားသပိတ်တို့၌၎င်း၊ ကုလားအလုပ်သမားနှင့် ဗမာအလုပ်သမားသည် တပူးတပေါင်းတည်းရှိသည်မှာ ထင်ရှား၏။” 

အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ။ 

(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ကြေငြာစာတမ်း အမှတ်(၁)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဏ)၊ ၁၉၄၄-ခု၊သြဂုတ်လ ၇ ရက်။ “ကရင်၊ရှမ်း၊ပလောင်၊တောင်သူ၊ကချင်၊ချင်း၊ မွန်၊တရုပ်၊ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုဆက်ဆံရေးအခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။” 

(2) မြေအောက်ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ ၂၇ရက်။ အခဏ်း (၆)၊ အပိုဒ် (၄)။ 
“ကုလားစစ်တပ်ကိစ္စ။ ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေး တွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။” 

မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း (သို့) စာရေးဆရာကြီးတက်တိုး (ဦးအုန်းဖေ)၏အသုံးအရ "စောက်ရမ်း ဘာသာပြန်ခြင်း"။ 

(က) အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဖန်တီးမှု၊ 

ကိုလိုနီခေတ်အတွင်း အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွေ့အခြေချနေထိုင်သူဦးရေ အလွန်အမင်းများပြားလာသည့်ကြောင့် အဆိုပါ အစွန်းရောက်အမျိုးသားရေးဝါဒီတို့က ကုလား ဟူသောဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုမှုသစ်တစ်ရပ် တီထွင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့က ကုလား ဟူသော ဝေါဟာရသည် “ကူး”(ဖြတ်သန်းခြင်း)ဟူသော မြန်မာဘာသာစကားနှင့် “လာ”(၀င်ရောက်ခြင်း) ဟူသောမြန်မာစကားမှ ဆင်းသက်လာသည်ဟု ပြောဆိုခဲ့ကြသည်။ အပြည့်အစုံ အဓိပ္ပါယ်ဖွင့်ဆိုပါက ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများ ဟုအဓိပ္ပါယ်ရသည်။

၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်တွင်လည်း အဆိုးသဘော အဓိပ္ပါယ်သက်ရောက်မှု တစုံတရာ မပါရှိပဲအတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောရှေးဟောင်းစာပေဗဟုသုတမကြွယ်ဝသူများက ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဝိဂြိုဟ်ပြုမူ အမှန်အဖြစ် လွဲမှားစွာထင်မှတ်နေကြလျက်ရှိသည်။ သို့သော် အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်ကို မြန်မာမှုပညာရှင်အသိုင်းအဝိုင်းက အခြေအမြစ်မရှိ၍လုံးဝလက်မခံပါ။ 

အကယ်၍ “ကူးလာ” မှ ကုလား ဖြစ်လာသည်ဆိုပါလျှင် အာဖရိကလူမည်းများကိုကပ္ပလီဟု မြန်မာ ဘာသာဖြင့်ခေါ်ဆိုသည့် အသုံးအနှုန်းအားလည်းအတင်း မြန်မာမှုပြု၍ “ကပ်”(အနားသို့တိုးသည်၊အနီးတွင်နေသည်) နှင့် “ပလီ”(ချွဲသည်[ဘန်းစကား]၊ ချိုသာစွာဖြားယောင်းသည်) ဟု အဓိပ္ပါယ်ဖွင့်ဆို လိုက်ပါက “ကပ္ပလီ” ဟူသော အခေါ်အဝေါ်သည် "အနီးတွင်နေ၍ ချွဲသူ” ဖြစ်သွားပါတော့မည်။ အမှန်တွင်မူ ၎င်းဝေါဟာရသည် အာရပ်ဘာသာစကား Kafir (Non Believer of Islam or infidel) “အစ္စလမ်ဘာသာ မကိုးကွယ်သော မိစ္ဆာအယူဝါဒရှိသူ" မှ ဆင်းသက်လာသောစကား ဖြစ်ပါသည်။ 

ထို့ကြောင့် ကုလားဟူသော ဝေါဟာရသည် “ကူးလာ” မှဆင်းသက်လာကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက် သည် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း၊ အတင်း မြန်မာမှုပြုခဲ့ ကြခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။ 

(ခ) မြန်မာနိုင်ငံအတွင်းရှိအိန္ဒိယနွယ်ဖွားများ ကိုယ့်အဓိပ္ပါယ် နှင့်ကိုယ်ဖွင့်ဆိုပြီးနာကြည်းကြခြင်း။   

ကုလားဟူသော အခေါ်အဝေါ်သည် တဖက်သားအား ထိခိုက်စော်ကားသည့် အဓိပ္ပါယ်မျိုး မသက်ရောက်သော်လည်း အိန္ဒိယနွယ်ဖွားများမှာ အဆိုပါအခေါ်အဝေါ်အား နှစ်သက်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊အူရဒူ၊ဘင်္ဂလီစသည့် ဘာသာစကားများတွင် အသားအရောင်ရှိသူ (ဝါ) ငမဲ (သို့) အသားမဲ ဟုအဓိပ္ပါယ် ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေကြောင့်ဖြစ်သည်။ ၎င်းပြင် ကိုလိုနီအရှင်သခင် ဗြိတိသျှတို့က အိန္ဒိယနွယ်ဖွားများကို “Coloured” ဟု နှိမ့်ချခွဲခြားဆက်ဆံခဲ့ ကြခြင်းကြောင့်လည်းနာ ကြည်းချက်ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ပါကစ္စတန်နှင့် ဘင်္ဂလီ လူမျိုးများသည် နိုင်ငံခြားသားများ၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသောအသုံးအနှုန်းသည် ဗမာ၊ရခိုင်၊မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ) ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ် ကြောင်း ညည်းညူရေရွတ်ပြီးပြောဆိုလေ့ရှိကြသည်။ 

သို့သော် ဗမာ၊ရခိုင်၊မွန်၊ရှမ်း၊ကရင်စသည့် မြန်မာတိုင်းရင်းသား လူမျိုးများအနေဖြင့် ကုလားဟူသော အခေါ်အဝေါ်အား သုံးစွဲသည့်နေရာတွင် အထက်ပါအဓိပ္ပါယ်မျိုးအား မည်သည့်အခါမှ ရည်ရွယ်ပြော ဆိုခြင်း မရှိခဲ့ချေ။ အတိအကျထောက်ပြရမည်ဆိုပါလျှင် အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်ဒေသမှ ဆင်းသက်လာသော အချို့လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ မွန်၊ဗမာ၊ရခိုင်စသည့် ဌာနေတိုင်းရင်းသား အချို့ထက် အသားပိုဖြူပြီး ချောမောလှပသည်ကို ကြည့်လျှင်သိရှိနိုင်သည်။ 

အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် စပ်လျဉ်း၍ စာရေးသူ၏အယူအဆမှာ မြန်မာနိုင်ငံတွင်းနေထိုင်ကြ သည့် အိန္ဒိယနွယ်ဖွား လူမျိုးများသည် ၎င်းတို့ရောက်ရှိနေထိုင်သည့်နိုင်ငံ၏ ဘာသာစကားကိုသေချာစွာ မလေ့လာသည့်အပြင် ကိုယ်လိုရာဆွဲပြီး "ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်" လုပ်နေချက် သက်သက် သာဖြစ်သည်ဟု သုံးသပ်မိသည်။ 

မြန်မာနိုင်ငံသားများကို ထိုင်းလူမျိုးများက ၎င်းတို့၏ ဘာသာစကားအရ Phama ဟုခေါ်ကြသည်။ အဆိုပါ စကားလုံး၏ အသံထွက်သည် မြန်မာဝေါဟာရ ထဲတွင် “ဖာမ” သို့မဟုတ် “ဖားမ” ဟူသော ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေသည်။ ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်ဆိုခဲ့မည်ဆိုပါလျှင်လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။ သို့သော် မည်သည့်မြန်မာလူမျိုးကမျှ အဆိုပါအခေါ်အဝေါ်အတွက် စောဒကတက်ခြင်း မရှိခဲ့ချေ။ 

အချို့သောပညာရှင်များ၏ သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံ ကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် (သတိမမူပဲ) ရေးသားတင်ပြမှုများ။ 

(1) Desai, W. S, India and Burma, Calcutta, 1954, p. 37-38. "Burmans call Indians Kalas. This term has been interpreted into two different ways. Ku in Burmese means to cross over; and la is to come. So Kala is the one who has crossed over and come into the country, that is, a foreigner. The other interpretation is that it is the Sanskrit Kula meaning clan or caste. Hence it is thought that the term was applied to Indians since they observe caste. Kalas therefore would mean "the caste people". Most probably the first interpretation is the correct one. Kala simply means a foreigner. Europeans are often called by Burmans Kala phyu, i.e. white foreigners. The term Kala has indeed become in Burma a term of reproach and should be banned. When the Japanese were in occupation of the country from 1942 to 1945, they forbade the use of this term, substituting Indos ." 

“မြန်မာလူမျိုးများသည် အိန္ဒိယလူမျိုးများကို ကုလားဟုခေါ်ကြသည်။ အဆိုပါအသုံးအနှုန်းအား နည်းလမ်းနှစ်မျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ “Ku” သည် မြန်မာစကားတွင် ဖြတ်သန်းခြင်း၊ “La” သည် ဆိုက်ရောက်သည် ဟုအဓိပ္ပါယ်ရသည်။ ထို့ကြောင့် ကုလားဟူသော စကားသည် တိုင်းပြည်တွင်း သို့ဖြတ်သန်းဝင်ရောက်လာသူ၊ နိုင်ငံခြားသားဟု အနက်အဓိပ္ပါယ်ရသည်။ 

အခြားအဓိပ္ပါယ်ဖွင့်ဆိုနည်းတခုမှာ သက္ကတဘာသာစကားအရ ကုလား၏ အဓိပ္ပါယ်သည် လူမျိုးစု(သို့) ဇာတ်ခွဲထားသော၊သီးသန့်ခွဲခြားထားသော လူတစုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထိုအသုံးအနှုန်း သည် မြန်မာလူမျိုးများက အိန္ဒိယလူမျိုးများအား ဇာတ်ခွဲ တတ်သော သီးသန့်လူမျိုးစုအဖြစ် ထင်မှတ် ခဲ့ဟန်တူသည်။ 

အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုထဲမှ ပထမတခုမှာ အမှန်ဖြစ်နိုင်သည်။ ကုလားသည် နိုင်ငံခြားသား ကို ရည်စူးခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဥရောပတိုက်သားများအားလည်း မြန်မာများက ကုလားဖြူ (အသားဖြူနိုင်ငံခြားသား)ဟု ခေါ်ဝေါ်လေ့ရှိသည်။။ ကုလားဟူသော အသုံးအနှုန်းသည် မြန်မာပြည်တွင် တဖက်သားအား ရှုံ့ချစော်ကားစရာစကားတခု အမှန်ဖြစ်လာပြီး လုံးဝပိတ်ပင်သင့်သော အသုံးအနှုန်းတခုဖြစ်သည်။ ထိုတိုင်းပြည်အား ဂျပန်များ သိမ်းပိုက် ခဲ့သည့် ၁၉၄၂-၁၉၄၅ တွင် အဆိုပါအသုံးအနှုန်းကို တားဆီးပိတ်ပင်ခဲ့ပြီး အင်ဒို ဟူသောစကားဖြင့် အစား ထိုးခေါ်ဝေါ်စေခဲ့သည်။” 

အထက်တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းအတိုင်း တင်ပြထားသော ပါမောက္ခ Desai ၏ စာပိုဒ်၌ စာရေးသူက စာကြောင်း အချို့ကို မျဉ်းသားထားလိုက်ပါသည်။ အကြောင်းမှာ ပါမောက္ခ Desai ၏ တင်ပြချက် တိကျမှန်ကန်မှုမရှိသောကြောင့်ဖြစ်ပါသည်။။ အဆိုပါဝေဖန်ချက်အတွက် အထောက်အထား၊ အကိုးအကားအဖြစ် ဂျပန်ခေတ်(၁၉၄၂-၁၉၄၅) ကာလအတွင်း ထုတ်ဝေခဲ့သော မြန်မာသတင်းစာများမှ ကောက်နုတ်ချက်အချို့ကို ဥပမာအဖြစ် ထုတ်နုတ်တင်ပြလိုပါသည်။ 

အဆိုပါသတင်းစာကောက်နုတ်ချက်များကို လူထုဦးလှ၏ “သတင်းစာများက ပြောပြတဲ့ စစ်အတွင်း ဗမာပြည်” ဒုတိယတွဲ၊ စာမျက်နှာ ၁၉၊ ၄၆၊ ၉၂၊ ၁၈၆၊ ၂၉၂၊ ၃၀၈ စသည်တို့တွင်လည်း လေ့လာဖတ်ရှုနိုင်သည်။ 

(က) မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ ၅ ရက်၊ ၁၉၄၂၊ ကြာသပတေးနေ့။ “နိုဝင်ဘာလ၂ရက်နေ့ နေ့လည်၁နာရီအချိန်တွင် ကုန်စည်ကြီးကြပ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပရာ ရန်ကုန်မြို့ရှိ မြန်မာ၊တရုပ်၊ ကုလား ကုန်သည်ကြီးများ၊ ပွဲစားကြီးများ တက်ရောက်ကြသည်ကို တွေ့မြင်ရကြောင်း။” 

(ခ) ဗမာ့ခေတ်သတင်းစာ၊ နိုဝင်ဘာလ ၈ ရက်၊၁၉၄၂၊ တနင်္ဂနွေနေ့။ “တရုပ်ကပြား၊ ကုလားကပြားများမှာ ဗမာများနှင့် နေရာတိုင်းမှာလိုလို ၀င်ဆန့်နိုင်စေကာမူ အင်္ဂလိပ်ကပြားတို့မှာ ခွဲခွဲခြားခြားနေတတ်၏။” 

(ဂ) ဗမာ့ခေတ်၊ နိုဝင်ဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့။( ၀န်ကြီး သခင်ဗစိန်၏ မိန့်ခွန်း)။ “ဗမာပိုင်၊ကုလားပိုင် အစရှိတဲ့ သင်္ဘောတွေကို သည်ဌာနက သွားလာနိုင်ဖို့ အမိန့်တွေထုတ်ပေးမယ်။” 

(ဃ) မြန်မာ့အလင်း၊ ဇန်န၀ါရီလ ၈ရက်၊ ၁၉၄၃။ “ကုလား ဒုက္ခသည်များ………” အကယ်၍ ပါမောက္ခ Desai ၏အဆိုမှန်ပြီး ဂျပန်ခေတ်တွင် ကုလားဟူသော အသုံးအနှုန်းအား ပိတ်ပင်ကာ အင်ဒိုဟူသော အသုံးအနှုန်းဖြင့် အစားထိုးခဲ့လျှင် အဆိုပါသတင်းစာများ၌ သတင်းရေး သားဖော်ပြရာတွင် ကုလားဟူသော စကားလုံးနေရာတွင် အင်ဒိုဟုအစားထိုးရုံမှလွဲ၍ တခြားနည်းလမ်း မရှိချေ။ ထိုသို့မဟုတ်လျှင် အဆိုပါသတင်းစာတိုက်များမှ အယ်ဒီတာများနှင့် သတင်းထောက်များသည် ကင်ပေတိုင် ခေါ် ဂျပန်စစ်ပုလိပ်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ 

(2) Esche, A., Wörterbuch Burmesisch-Deutsch (Burmese-German Dictionary), Leipzig, German Democratic Republic, 1976, p. 40: ကုလား vulg Inder m; Mann m aus dem Westen  

Dr. Esche ၏အဆိုအရ ကုလားဟူသော အသုံးအနှုန်းသည် ပါဠိစကားမှဆင်းသက်လာပြီး အနောက်အရပ်မှလူ(သို့) အိန္ဒိယလူမျိုးဟု အဓိပ္ပါယ်ရကြောင်းနှင့် အဆိုပါအသုံးအနှုန်းသည် ရိုင်းစိုင်းသော စကားဖြစ်ကြောင်း တွေ့ရှိရသည်။ 

အထက်တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ဦးနုနှင့် ဦးသိန်းဖေမြင့်တို့၏ ကုလားဟူသောအမည်ကို ထည့်သွင်းသုံးနှုန်းပုံနှင့် စပ်လျဉ်း၍ Dr. Esche ၏ အဘိဓာန်ပါ ကောက်ချက်ဆွဲမှုအရ အဆိုပါအဘိဓာန် ကိုဖတ်ရှုသူများအမြင်၌ ထိုပုဂ္ဂိုလ်ကြီးသုံးဦးသည် လူမျိုးရေးခွဲခြားသူများဟုယူဆမည့်အပြင် အိန္ဒိယလူမျိုး များအပေါ် အဆိုးမြင်စိတ်ဓာတ်ရှိသည့် လူများဖြစ်သွားပေတော့မည်။ 

အကယ်စဉ်စစ်တွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းအားဆက်ခံသူ ၀န်ကြီးချုပ်ဦးနုတို့သည် မဟတ္တမဂန္ဒီ၊နေရူး၊ မိုဟာမက်အလီဂျင်းနားကဲ့သို့သော အိန္ဒိယ၊ ပါကစ္စတန်ခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသူ များဖြစ်ပြီး အဆိုပါ အိန္ဒိယ၊ ပါကစ္စတန်ခေါင်းဆောင်များအပေါ်အထူး လေးစားသူများလည်း ဖြစ်ကြပါ သည်။ ထို့အပြင် ကွန်မြူနစ် တဦးဖြစ်သည့် ဦးသိန်းဖေမြင့်သည်လည်း အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွန်နီးစပ်သူတဦးဖြစ်ပြီး ထိုပါတီမှရဲဘော်ရဲဘက်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောသူဖြစ်သည်။ 

နိဂုံး။ 
စာပေအထောက်အထားများအရ “ကုလား” ဟူသောအသုံးအနှုန်းသည် အိန္ဒိယတိုက်ငယ်မှ လူမျိုးများ ကိုခေါ်ဆိုသည့် စကားလုံးဖြစ်ပြီး ၎င်းတွင် တဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်မပါရှိချေ။ ကိုလိုနီခေတ်ကာလအတွင်း၌ အမျိုးသားရေးအစွန်းရောက်သူတချို့က “ကူးလာ” မှ ကုလား ဖြစ်လာ သည်ဟုထွင်ခဲ့ကြခြင်းကြောင့်၎င်း၊ ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကား များဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ စသည်တို့တွင် အသားအရောင်ရှိသူ (ဝါ) ငမဲ (သို့) အသားမဲ ဟု အဓိပ္ပါယ်ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေခြင်းကြောင့် မြန်မာနိုင်ငံ အတွင်းရှိ အိန္ဒိယနွယ်ဖွားများက ကိုယ့်အဓိပ္ပါယ် နှင့်ကိုယ်ဖွင့်ဆိုပြီးနာကြည်းကြခြင်းကြောင့်၎င်း၊ မြန်မာနိုင်ငံ အတွင်း နေထိုင်ကြသော အိန္ဒိယ၊ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများနှင့်၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက် များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသောအသုံးအနှုန်းသည် ဗမာ၊ရခိုင်၊မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ) ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ် ကြောင်း ညည်းညူရေရွတ်ပြီးပြောဆိုလေ့ရှိကြ ခြင်းကြောင့်၎င်း၊ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားခြင်းသည် ပညာအရည်အချင်းနှင့် ပြည့်စုံသည့် မြန်မာစာပေပညာရှင် များနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ခိုင်မာသော မြန်မာစာပေလက်ရာများကို တိတိကျကျ လေ့လာ ကိုးကားရန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံခြားသား သုတေသီများ၊ လေ့လာသူများမှတဆင့် ချဲ့ကားပျံ့နှံ့ သွားခဲ့သည်။ 

စာရေးသူအနေဖြင့် ဤစာတမ်းသည် အဆင့်အတန်းမြင့်မားသော မြန်မာ့ဂ န္တ၀င်စာပေအများစုကို လေ့လာရန် လက်လှမ်းမမီကြသည့် မြန်မာစာပေလေ့လာသူ နိုင်ငံခြားပညာရှင်များ၊ သုတေသီများ၊ ကျောင်းသူကျောင်းသားများအတွက် အထောက်အကူဖြစ်စေရန် သီးသန့်ရည်စူး၍ စေတနာအပြည့်ဖြင့် အားထုတ်ပြုစုခဲ့ခြင်းဖြစ်ပါသည်။ 

နောက်ဆုံးပြောကြားလိုသည်မှာ စာရေးသူအနေဖြင့် ဤစာတမ်းရေးသားပြုစုသည့်အချိန်တွင် မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါး နှလုံးသွင်း၍ ရေးသားပြုစုခဲ့ပါသည်။(၁) မြန်မာ့စာပေနယ်ပယ်အတွင်း လေ့လာလိုက်စားသူများအားလုံးအား မေတ္တာပို့ပါသည်။(၂) သတိမမူပဲ လွဲမှားစွာအဓိပ္ပါယ်ကောက်ယူ ရေးသားမိခဲ့သူများကိုလည်း ဂရုဏာသက်မိပါသည်။(၃) စာပေလေ့လာ လိုက်စား ရေးသားပြုစုသူများ၏ ကြိုးစားမှုရလာဒ်အဖြစ် ရရှိလာသော အောင်မြင်မှုများကို မိမိ ၏အောင်မြင်မှုကဲ့သို့ နှလုံးသွင်း၍ မုဒိတာပွားခဲ့ပါသည်။(၄) တိကျမှန်ကန်သော အချက်အလက်များကို လက်သင့်မခံလိုပဲ မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုသာ စွဲမြဲစွာယုံကြည်နေကြသူများ ရှိနေသေးပါကလည်း ၎င်းတို့အား ဥပက္ခာပြုထားပါမည်။

ဝန်ခံချက်။ 1. 

1. Khin Maung Saw, (Mis)Interpretations of Burmese Words. In the case of Kala (Kula) ကို အကျဉ်းရုံးပြီး ဆီလျော်အောင် ဘာသာပြန်ပါသည်။ 2. 
2. ကဝိလက္ခဏာ သတ်ပုံကျမ်း နှင့် ကဝိမျက်မှန်သတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းကိုသုံးပါသည်။ 
PDF: ကုလားဟူသော ဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးလော (ဇော်ထွေးမောင်)
Read more...

(Mis)Interpretations of Burmese Words: In the case of the term Kala (Kula) by Khin Maung Saw

Read more...

Monday, November 14, 2011

ဂျူးလူမျိုးတိ ဇာကြောင့်အောင်မြင်ကတ်လဲ



Read more...

Thursday, October 27, 2011

ရိုဟင်ဂျာ၏ ဇစ်မြစ်

Read more...

အချိန်မှီပါသေးတယ်


နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုကို သိမ်းသွင်းအုပ်ချုပ်တဲ့ အစိုးရပဲ ဖြစ်ဖြစ်၊ တည်ထောင်တဲ့အစိုးရပဲ ဖြစ်ဖြစ် လူဦးရေ သန်းခေါင်စာရင်းကို ကောက်ခံကြရပါတယ်။ မိသားစုမှာ လူဘယ်နှစ်ယောက်ရှိလဲ သိမှ သူတို့နဲ့ ညီမျှတဲ့ အလုပ်တွေကို အကောင်းမွန်ဆုံး၊ အထိရောက်ဆုံး လုပ်နိုင်မှာပါ။ ဥပမာ- သုံးယောက်ပဲ ရှိတဲ့ မိသားစုအတွက် တစ်ရက်စားဖို့ ၀က်သား ၁၀ ပိဿာ ၀ယ်လာရင် ပိုလျှံပြီး ပုပ်သိုးဆုံးရှုံးရမှာပါ။ Efficient မဖြစ်ပါဘူး။ အဲဒါကြောင့် ရခိုင်ပြည်ကို အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေဟာ ထိထိရောက်ရောက် အုပ်ချုပ်သိမ်းပိုက်ထားနိုင်ဖို့အတွက် သန်းခေါင်စာရင်းတွေ ကောက်ယူခဲ့ပါတယ်။


၁၉၀၆ ခုနှစ် Akyab (စစ်တွေ) District Gazetter အရ ရခိုင်ပြည်မှာ ရှိနေတဲ့ တိုင်းဦးသားနဲ့ တိုင်းဦးသားမဟုတ်တဲ့ လူဦးရေ စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


တိုင်းဦးသားလူမျိုးများ (Indigenous Races) - Arakanese (239,649), Burmese (35,751), Kamis (11,595), Mros (10,074), Chins (9,415), Daingnets (3,412), Chaungthas (247) and Thets (232)



တိုင်းဦးသားမဟုတ်သူများ (Non-Indigenous Races) - British (209), Eurasians (159), Chinese (939), Shaikhs (152,074), Saiyyads (1,254), Pathans (126), Zairbadis (108), other Muslmans (1,325), Sudras (6,016), Kayasths (2,888), Uriyas (625), Brahmans (398), Chatris (377), Dhobis (263), Waddars (233), Nats (226), Burua Maghs (165), Chetties (164), Doms (143), Malas (142), Marabans (125), Banias (114) and other Hindus Castes (2104)


ြှဗိတိသျှအစိုးရရဲ့ ဒီလောက် စုံလင်တဲ့ လူမျိုးတွေကို စုစည်းထားတဲ့ စာရင်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ သူတို့ ပြောပြောနေတဲ့ လူမျိုးအမည် ပါပါသလား။ စာဖတ်သူတို့ စဉ်စားကြပါကုန်။


ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်းသိမ်းတော့ သေတဲ့လူက သေ၊ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ပင်လယ်ကမ်းနားက ကျွန်းစုတွေနဲ့ Sunderbuns ဘက်တွေကို ထွက်ပြေးတဲ့သူက ပြေး၊ စစ်သုံ့ပန်းအဖြစ်ပါတဲ့လူက ပါနဲ့ လူဦးရေက အရမ်းနည်းပါးသွားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတွေမှာ သုံးဖို့ ခေါ်လာပါတယ်။ အဲဒီအချိန်တုန်းက ရခိုင်ပြည်မှာ ရတဲ့လုပ်ခဟာ ဘင်္ဂလားဒေသမှာ ရတဲ့ လိုခထက် အရမ်းများတယ်လို့ ကိုလိုနီအစိုးရ အရာရှိကြီး Sir Arthur Phayre က ရေးပါတယ်။ (ဒါ့အပြင် အင်္ဂလိပ်မြန်မာ စစ်ပွဲသုံးပွဲအတွက် ခေါ်လာတဲ့ ဘင်္ဂလီတွေလည်း ရှိပါသေးတယ်။) အဲဒါကြောင့်လည်း ကိုလိုနီစနစ်အောက်မှာ စစ်တွေခရိုင်ရဲ့ လူဦးရေ တိုးနှုန်းဟာ ၁၅၅ ရာခိုင်နှုန်းထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အတွင်းပိုင်းကျတဲ့ ကျောက်တော်လိုမြို့မှာတောင် နှစ်ပေါင်း ၂၀ အတွင်း လူဦးရေ ၇၇ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။


အင်္ဂလိပ်ခေတ် ၁၈၇၂ ခုနှစ်၊ ၁၉၀၁ ခုနှစ် နဲ့ ၁၉၁၁ ခုနှစ်တို့ရဲ့ စစ်တွေခရိုင်ရှိ လူဦးရေစစ်တမ်းကို အောက်ပါအတိုင်း တွေ့ရပါတယ်။


Races - 1872 - 1901 - 1911

Hindu - 2,655 - 14,455 - 14,454

Mahomedan - 58255 - 154,887 - 178,647

Burmese - 4,632 - 35,751 - 92,185

Arakanese - 171,612 - 239,649 - 209,432

Shan - 334 - 80 - 59

Chin, Taungtha,
Khami, Daingnet - 38,577 - 35,489 - 34,020

Others - 606 - 1,355 - 1,146

Total - 276,671 - 481,666 - 529,943


အထက်ပါ လူဦးရေ စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို စာဖတ်သူတို့ တွေ့ပါသလား။ မတွေ့ပါဘူး။ မတွေ့တာက မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်တို့ အင်္ဂလိပ်မြန်မာ စစ်ပွဲသုံးပွဲအတွက် ခေါ်လာတဲ့ ဘင်္ဂလီမူဆလင်တွေရယ်၊ စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတွေမှာ သုံးဖို့ ခေါ်လာတဲ့ မူဆလင်တွေရယ် ပေါင်းပြီးတော့ Mahomedan (မူဆလင်များ)လို့ အထက်ပါ ဇယားမှာ ဖော်ပြထားပါတယ်။ သူတို့ပြောပြောနေတဲ့ အာရပ်ကုလားတွေက ရမ်းဗြဲကျွန်းမှာ စက်လှေပျက်လို့ သောင်တင်တာကနေ ရခိုင်ပြည်မှာ နေလာကြတယ်ဆိုတဲ့ဟာက အင်္ဂလိပ်ခေတ်က တိုင်းဦးသား စာရင်းကောက်ယူတုန်းက ပျောက်နေသလို ဖြစ်မနေဘူးလား။ အင်္ဂလိပ်တွေ မျက်မှန်ထူထူ မတပ်ခဲ့လို့ မမြင်ခဲ့ကြဘူးနဲ့တူပါတယ်။ ဒါမှမဟုတ် သန်းခေါင်စာရင်းကို ညအချိန်မှာ ကောက်တော့ သူတို့ အသားမဲလို့ အင်္ဂလိပ်တွေ မတွေ့ခဲ့ကြတာလား။ ရခိုင်တွေလည်း အသားညိုကြပါတယ်။ ရခိုင်တွေ စာရင်းထဲမှာ ပါကြတာပဲ။ အာရပ်နွယ်ဖွားတွေဆိုရင် ရခိုင်တွေထက်တောင် သူတို့ အသားပိုလတ်ပြီး ပိုတောင် ပါကြရမှာပေါ့။ ဒီကောင်တွေ အီးယောင်ဝါးလုပ်နေတာ ကြာလှပြီ။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံတိုင်းပေါက်နေတာတွေ၊ လုပ်ကြံဖန်တီးဇာတ်လမ်းတွေကို သေချာ အချိန်မီ မကာကွယ်နိုင်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ရေးအတွက် အထူးစိုးရိမ်စရာပဲ ဖြစ်ပါတယ်။
Read more...

ဘင်္ဂလီတွေရဲ့ နောက်ဆုံးပန်းတိုင်

မီဒီယာ အခန်းကဏ္ဍကို တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် မှတ်ယူကြပါတယ်။ မီဒီယာသမားတွေဟာ ဘက်လိုက်မှု အနည်းနဲ့အများ ရှိကြတယ်ဆိုတာကို လက်ခံတယ်။ ဥပမာ ပြောရရင် လက်ယာယိမ်းမီဒီယာဖြစ်တဲ့ Fox News နဲ့ လယ်ဝဲမီဒီယာ ဖြစ်တဲ့ MSNBCတို့ရဲ့ သတင်းတွေကို နားထောင်ရင် သတိနဲ့ ချင့်ချိန်နားထောင်ရတယ်။ နှစ်ဘက်စလုံးကို နားထောင်တာဟာ တစ်ဘက်တည်းကို နားထောင်တာထက် ပိုအကျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀မရှိတော့ နှစ်ဘက်အမြင်ကို သေသေချာချာ ကြားနိုင်ဖို့ ခဲယဉ်းပါတယ်။ မြန်မာပြည်သူပြည်သားတွေဟာ ပြည်ပအတိုက်အခံမီဒီယာတွေကို ပုံအောပြီး အားပေးကြပါတယ်။ ပြည်ပအတိုက်အခံတွေဟာ မြန်မာပြည်သူတွေ အများစုရဲ့ ပြတင်းပေါက်ကြီးလို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့် အဲဒီသတင်းဌာနမှာ လုပ်နေတဲ့လူတွေဟာ အရမ်းတာဝန်ကြီးတယ်။ ဘက်လိုက်မှုမရှိတဲ့ သတင်းအမှန်တွေကို ဖော်ထုတ်ဖို့ တင်ပြဖို့ အရေးကြီးပါတယ်။ အဲဒီလိုပဲ တံခါးပိတ်ခံထားရတဲ့ မြန်မာပြည်အကြောင်းကို တင်ပြတဲ့ နိုင်ငံခြားသားတွေဟာလည်း ဂဃဏန လေ့လာဖို့၊ အချက်အလက်တွေ သေချာ စုဆောင်းဖို့၊ အထူးသတိပြု တင်ပြဖို့ လိုအပ်တယ်။

အကြောင်းအရာတစ်ခု၊ Issueတစ်ခုကို သုံးသပ်တဲ့အခါမှာ ခွဲခြမ်းစိတ်ဖြာ (analytically) ကြည့်တတ်ဖို့လိုပါလိမ့်မယ်။ လူ့အခွင့်အရေးဆိုတာနဲ့ တိုင်းရင်းသား အရေးဆိုတာ မတူပါဘူး။ နိုင်ငံသားဖြစ်တာနဲ့ တိုင်းဦးသားဖြစ်တာနဲ့ မတူပါဘူး။ ခွဲခြားသိတတ်ရပါမယ်။ BBC သတင်းဌာနက Anna Jones ဆိုတဲ့အမျိုးသမီးဟာ သတင်းသမားတစ်ယောက်မှာ ရှိရမယ့် ခွဲခြမ်းစိတ်ဖြာမှုပဲ ညံ့ဖျင်းတာလား၊ အချက်အလက် စုဆောင်းဖို့ ပျင်းတာလားတော့ မသိဘူး။ မြန်မာနိုင်ငံရဲ မြေပုံကို သောက်တလွဲ ဆော်ထည့်လိုက်ပါပြီ။ ရခိုင်ပြည်နယ်ကို ဘင်္ဂလီပြည်နယ် လုပ်ချလိုက်ပါပြီ။ အဲဒီမြေပုံကို ဘယ်ကနေ ဘယ်လို ရလာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က ရှိမယ်ထင်ပါတယ်။ ဂျပန်က မိတ်ဆွေတစ်ယောက်က ပြောပြဖူးတယ်။ “ဟဲ့ကောင် ရခိုင်ပြည် ကုလားပြည်ဖြစ်သွားပြီတဲ့”။ ကျနော်က... ဟာ ဘာလို့ ဖြစ်ရမှာလဲပေါ့.. နောက်မှ သူက ရိုဟင်ရျာအမည်ခံ ဘင်္ဂလီစာစောင်တစ်ခုမှာ ရခိုင်ပြည်နယ်ရဲ့ နေရာမှာ သူတို့ လူမျိုးတွေနဲ့ အစားထိုးထားတာတဲ့။ ကဲ.. ကောင်းကြသေးရဲ့လား.. အရပ်ကတို့ရေ။ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်နေတာကတော့ စိတ်ဝင်စားစရာပါ။


ကျနော်ဟာ ရခိုင်ပြည်မှာ ၁၈ နှစ် နေဖူးတယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို တခါမှ မကြားဖူးဘူး။ ပြည်ပမှာတော့ ခေတ်စားလိုက်တာ။ သူတို့ နောက်ကွယ်က လူတွေကလည်း အားကောင်းတာကိုး။ ပြီးခဲ့တဲ့ လပိုင်းလောက်ကပဲ OIC ဆိုတဲ့ Organization of Islamic Cooperation လို့ခေါ်တဲ့ နိုင်ငံတကာ အစ်စလာမ်ဘာသာဝင်များ ပူးပေါင်းမှု အဖွဲ့ကြီးနဲ့ သူတောင်းစား ဟန်ညောင်ဝေဦးဆောင်တဲ့ ဘင်္ဂလီတစ်စုတို့ သဘောတူလက်မှတ်ထိုးပွဲကြီးကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ OIC ဆိုတာ သူတို့အပြောအရ ကမ္ဘာမှာ ကုလသမဂ္ဂပြီးရင် ဒုတိယအကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းလို့ ဆိုပါတယ်။ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ မူဆလင် အဖွဲ့ကြီးပါ။ ဒီမှာ စိတ်ဝင်စားစရာက လူ့အခွင့်အရေးလို့ လက်ခမောင်းခတ်ပြီး အော်နေတဲ့ လူတွေရဲ့ နောက်ကြောင်းတွေပါ။


ပထမဆုံး OIC နဲ့ လူ့အခွင့်အရေးဆိုတာကို ကြည့်ကြရအောင်။ OIC ဟာ ကုလသမဂ္ဂ ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး (Universal Declaration of Human Rights) ဆိုတာကို လက်မခံခဲ့ပါဘူး။ လက်မခံပဲ သူတို့ဟာသူတို့ ကိုင်ရိုအစ်စလာမ်လူ့အခွင့်အရေး ကြေညာစာတမ်း (Cairo Declaration of Human Rights in Islam) ဆိုပြီးတော့ သီးသန့်လုပ်ပါတယ်။ အဲဒါရဲ့ အပိုဒ်ကြီး ၂၄ မှာ ရေးထားတာက "All the rights and freedoms stipulated in this Declaration are subject to the Islamic Shari'ah"လို့ ဆိုထားပါတယ်။ ပြောချင်တာက ဒီကြေညာချက်မှာ ပါတဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းတို့ဟာ အစ်စလာမ် ချာရီယာ ဥပဒေရဲ့ အချိန်မရွေးဝင်ရောက် စွတ်ဖက်ခြင်းကို ခံရမယ်လို့ ဆိုလိုတာပါ။ မင်းတို့မှာ ပြောပိုင်ခွင့်ရှိတယ်၊ မတော်ရင် ငါတို့ ကြိုက်တဲ့အချိန် ကျောက်တုံးတွေ ချပြီး ဖိသတ်ချင်သတ်မယ်လို့ ဆိုလိုတာနဲ့ အတူတူပါပဲ။


နောက်တစ်ကြောင်းက "The Islamic Shari'ah is the only source of reference for the explanation or clarification of any of the articles of this Declaration"လို့ ဆိုထားပြန်ပါတယ်။ ကြေညာစာမ်းပါ အပိုဒ်တွေကို ရှင်းလင်းအဖြေရှာတဲ့အခါမှာ အစ်စလာမ် ချာရီယာ ကိုသာ ကိုးကားရမယ်လို့ ဆိုလိုတာပါ။ ကဲ...ကောင်းကြသေးရဲ့လား... ကြည့်ကြပါအုံး သူတို့ပြောတဲ့ လူ့အခွင့်အရေး... ဒါက ကျနော် လတ်တလော တွေ့တဲ့ အချက်နှစ်ချက်ပဲ ရှိသေးတယ်နော်။ သေချာရှာကြည့်ရင် အများကြီး ထပ်တွေ့အုံးမှာ။..


နောက်တစ်ယောက်က ဟန်ညောင်ဝေ...ဒီလူ့အကြောင်းကိုတော့ လူအများ သိကြပါတယ်။ အကျယ်ချဲ့ပြီးတော့ မပြောတော့ပါဘူး။ ပိုက်ဆံရမယ်ဆိုရင် သိန်းစိန် ဖိနပ်ပဲ တိုက်ရ တိုက်ရ၊ ကုလားမ အတွင်းခံပဲ လျှော်ရ လျှော်ရ လုပ်မဲ့အကောင်ပါ။ အခုလည်း ကုလားသူဌေးတွေဆီက ပိုက်ဆံရမယ့်ကိန်းမြင်တော့ လိုက်သွားပြန်တာပါ။


အဲဒီအစည်းအဝေးကနေပြီးတော့ Arakan Rohingya Union (ARU)ဆိုတဲ့ဟာကို ဖွဲ့လိုက်ပြီးတော့ အဲဒီအသစ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်က ဘဘဦးတင်ဦးကို RFAမှာ ဗမာစကား မပီကလာ ပီကလာနဲ့ စော်ကားသွားတဲ့ ဒေါက်တာ ၀ါကာ ဦးဒင် ဆိုတာပါပဲ။


အဲဒီလိုပဲ wikileak မှာ ပါတဲ့ အကြမ်းဖက်သမား Nurul Islamကိုလည်း အဲဒီ ARU ထဲမှာ တွေ့ကြရမှာပါ။ သူ့အကြောင်းကိုတောဲ့James mmt ဘာသာပြန်ထားတဲ့ facebook note (http://www.facebook.com/#!/notes/james-mmt)ထဲမှာ ဖတ်နိုင်ပါတယ်။ အင်္ဂလိပ်လို အတိအကျရေးထားတာတွေကိုလည်း ဒီလင့်မှာ (http://www.wikileaks.ch/cable/2002/10/02RANGOON1310.html#)ကြည့်နိုင်ပါတယ်။ သူဟာ အရင်က လက်နက်ကိုင်သောင်းကျန်းသူတစ်ယောက်ဖြစ်ပြီးတော့ စစ်အေးတိုက်ပွဲနောက်ပိုင်း NGOတွေ ကြီးထွားလာတဲ့နောက်ပိုင်းမှာ လူ့အခွင့်အရေးကို အရေခွံခြုံလာသူဖြစ်ပါတယ်။


အခု ARUမှာ ပါနေတဲ့ မိုဟာမက် ယူးနပ်စ် ဆိုရင် ပိုလို့တောင် အစွန်းရောက်တဲ့ ဘင်္ဂလီပါ။ အာဏာရူးသမားလည်း ဖြစ်ပါတယ်။ Rohingya Solidarity Organization ရဲ့ ဥက္ကဌ လုပ်ပြီး မြန်မာနိုင်ငံမှာ မူဆလင်ဘာသာ ပို့ပြန့်ပွားဖို့ကြိုးစားမယ်လို့ ပြောခဲ့တဲ့လူပါ။ RSO ဟာ ဘင်လာဒင် အုပ်စုနဲ့ အဆက်အသွယ်ရှိကြောင်း၊ အက်ဖဂန်နစ္စတန်မှာ စစ်သင်တန်းတွေ တက်ခဲ့ကြောင်း နိုင်ငံတကာ လေ့လာရေး ပညာရှင်တွေ ရေးထားတဲ့ မှတ်တမ်းမှတ်ရာတွေ တပုံကြီးပါ။ (နောက်တော့ ထပ် ရှယ်ပါအုံးမယ်။)


အဲဒီလိုပဲ တခြား နောက်ပေါက်လာတဲ့ မိုဟာမက် ခါလင်မ် (ခ) ကိုကိုလင်း လို အကြမ်းဖက်သမား hacker တွေလည်း ရှိပါသေးတယ်။ ၂၀၀၄၊ ၂၀၀၅ ၀န်းကျင်တုန်းက ရခိုင်အီးမေးလ်အုပ်စုတွေကို ခိုးဝင်ပြီး စော်ကားတဲ့အကောင်ပါ။ ဒီနှစ်ထဲမှာပဲ ရခိုင်လူမျိုးတွေကို ”အရမ်းမိုက်တဲ့ ခွေးတွေ”ပဲလို့ လူသိရှင်ကြား စော်ကားထားတဲ့ကောင်ပါ။ အခုဆိုရင် ARU ရဲ့အဓိက လူတစ်ယောက်ပေါ့။


ဒါဆိုရင် သူတို့ ပြောနေတဲ့ လူ့အခွင့်အရေးဆိုတာ ဘာလဲ လို့ မေးစရာတော့ ပေါ်လာပါပြီ။ သူတို့ပြောတဲ့ လူ့အခွင့်အရေးက ကုလသမဂ္ဂ ကြေညာထားတဲ့ လူ့အခွင့်အရေးလား၊ ဒါမှမဟုတ် OIC က ကြေညာထားတဲ့ လူ့အခွင့်အရေးကို သကာရည် လူးထားတဲ့ ချာရီယာ လား။ ဒီလို အစွမ်းရောက်တွေရဲ့ လက်ထဲမှာ ဒုက္ခရောက်ကြရတာက မြန်မာပြည်ထဲက ပြည်သူတွေပါ။ သူတို့ကတော့ NGO ပိုက်ဆံလေးကို မျက်မျက်လေးစားပြီး စည်းစိမ်ခံလို့ပေါ့။ သူတို့လုပ်လို့ ပြည်ထဲမှာ သတ်ကြခွပ်ကြတော့ ရခိုင်ရော၊ ဘင်္ဂလီရော နှစ်ဖက်စလုံး နှစ်နာကြရတာပါ။


သူတို့က လူ့အခွင့်အရေးတင်မက တိုင်းရင်းသား အခွင့်အရေးကိုပါ လိုချင်တာက ဘာကြောင့်လဲ။ ရှင်းရှင်းလေးပါ။ တိုင်းရင်းသား ဖြစ်ရင် ခွဲထွက်ခွင့်တောင်းလို့ရတယ်။ ဒီမိုကရေစီရလာလို့ ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူ့သဘောထား ဆန္ဒ (Referendum)အရ ခွဲထွက်နိုင်ခွင့် ရှိသွားမှာပါ။ (ယူဂိုဆလားဗီးယားကနိန် နိုင်ငံ ၇ နိုင်ငံ ဖြစ်သွားတာကို မှတ်မိကြမှာပါ။) ဒါဟာ သူတို့ရဲ့ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်တဲ့ ultimate goal (နောက်ဆုံးပန်းတိုင်) ဖြစ်ပါတယ်။ လွတ်လပ်ရေး မရခင် ခေတ်က ရခိုင်ပြည်မြောက်ပိုင်းက ဘင်္ဂလီမူဆလင်ခေါင်းဆောင်တွေဟာ မောင်းတောမြို့နဲ့ ဘူးသီးတောင်မြို့တွေကို အိန္ဒိယက ခွဲထွက်ဖို့ စိုင်းပြင်းနေတဲ့ ပါကစ္စတန်ထဲကို ထည့်ဖို့ မူဆလင်ခေါင်းဆောင် မိုဟာမက်အလီဂျင်းနား ကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီကိစ္စကို ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်ကို အသွား ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့က ကရာချိမြို့မှာ ခဏနားတော့ မိုဟာမက်ဂျင်းနားက ဗိုလ်ချုပ်အောင်ဆန်းကို ပြောခဲ့တာပါ။ အဲဒီလိုပဲ ၁၉၇၀ ကျော်မှာ ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်က ခွဲထွက်ဖို့ ကြိုးစားတုန်းကလည်း အဲဒီလိုပဲ ခွဲထွက်ဖို့ တောင်းခဲ့တာပါ။


ဒါဆိုရင် အတိတ်နဲ့ အနာဂတ်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် ဘင်္ဂလီပြောတဲ့ လူ့အခွင့်အရေးဆိုတာက ဘာလဲ၊ ဘာကြောင့် တိုင်းရင်းသား ဖြစ်ချင်တာလဲ ဆိုတာတွေက လယ်ပြင်မှာ ဆင်သွားတာ မပြောနဲ့ လေဆာမီးတန်းကြီး သွားသလို ထင်ရှားသွားပါပြီ။ ဒါတွေကို ဖော်ထုတ်မှု အားနည်းခဲ့ကြတယ်ဆိုတာကိုတော့ အားလုံး လက်ခံကြရမှာပါ။ ဗုဓ်ဒဘာသာဝင်တွေဖြစ်တော့လည်း စာနာသနားမှုတွေ လွန်ကဲတာတွေ၊ ခန္တိစ သည်းခံခြင်း များလွန်းတာတွေလည်း ပါမှာပါ။ အခုနောက်ပိုင်းမှာတော့ မပြောမပြီး မတီးမမြည်လို့ ဆိုရမည့် အခြေအနေတစ်ခုကိုတော့ ရောက်လာနေပါပြီ။ ဒီကြားထဲ အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ ခွဲခြမ်းပိုင်းခြားမှု အားနည်းတဲ့ မီဒီယာသမားတွေကြောင့် အခက်ကြုံနေကြရပါတယ်။ ဒါပေမယ့် ဒီဘင်္ဂလီတွေရဲ့ လုပ်ကြံဖန်တီးမှု ဇာတ်လမ်းတွေကို သိလာတဲ့လူတွေ အမှန်တရားဘက်က ရပ်တည်ပေးမှု လူတွေ၊ ပိုများလာတာကိုတော့ ၀မ်းသာပီတိ ဖြစ်မဆုံးပါပဲဗျာ။ ကျနော်တို့အတွက် အမှန်တရားကြီးက စောင့်နေတာပါ။

Read more...

Saturday, October 22, 2011

ဗင်းနစ်၏ နီဝင်ချိန်လား...



ဗင်းနစ်မြို့ရေ ကဗာကျော်မြို့တစ်မြို့ဖြစ်ပါရေ။ ထူးခြားရေ ချောင်းတိ၊ တူးမြောင်းတိက မြို့၏ နိန်ရာ အနှံ့ကို ဖြတ်သန်းစီးဆင်းနိန်လို့ ကကောင်းလှရေ မြို့တစ်မြို့ဖြစ်ပါရေ။ ရခိုင်ပြည်ကို ရောက်ရှိလာရေ ပေါ်တူဂီ ဘုန်းကြီး ဆဘက်ချန် မန်နရစ်က မြောက်ဦးမြို့ကိုလည်း အရှေ့တိုင်း၏ ဗင်းနစ် (The Venice of the East)လို့ တင်စားဖူးခပါရေ။ ယေကေလေ့ ဗင်းနစ်နန့် မြောက်ဦးမြို့ရေ တူရေ အချက်တိ ရှိရေပိုင် မတူရေ အချက်တိလည်း ရှိပါရေ။

ဗင်းနစ်မြို့ရေ အီတလီနိုင်ငံ၏ အရှေ့မြောက်ဘက်၊ မြေထဲပင်လယ်နားမှာ တည်ရှိရေ ကျွန်းစုမြို့ ဖြစ်ပါရေ။ အိမ်နေအိမ်ခြေတိကို ရီတိနန့် ၀ိုင်းနိန်တတ်လို့ မြို့သူမြို့သားတိ၏ အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ဘုတ်တိ၊ သန်ဗန်တိ ဖြစ်ပါရေ။ ရုံးလားခြင်း၊ ကုန်တင်ကုန်ချလုပ်ခြင်း၊ အရေးပေါ်လူနာတင်ခြင်း စရေ နိတဓူဝလုပ်ငန်းတိအားလုံးနီးပါးကို လုပ်ဆောင်ဖို့ ရီလမ်းကြောင်းကို အားကိုးကတ်ရပါရေ။

ဗင်းနစ်မြို့လို့ နာမေမတင်ခင်က မြို့မှာ လူသူမနိန်ရေ ပင်လယ်ဝနားက ကျုပ်မြေ၊ နုန်းမြေတိ လူးကျံနိန်ရေ
ကျွန်းစုချေရာ ဖြစ်ပါရေ။ ပြည်မထဲကို အပြည်ပြည်က လာရောက်တိုက်ခိုက်သိမ်းပိုက်ကတ်တေခါ ယင်းကျွန်းစုချေတိကို လာပြီးကေ ခိုအောင်းနိန်ကတ်ယင်း တဖြည်းဖြည်း လူဦးရေ များလာပြီးကေ မြို့ရွာ သဏ္ဍာန်ကို ဆောင်လားခြင်းဖြစ်ပါရေ။ ယေကေလေ့ သူရို့မှာ မြို့ကြီးတစ်ခုအဖြစ် တည်ဆောက်ဖို့က စိန်ခေါ်မှု အများကြီး ရှိနိန်ခပါရေ။

ပင်လယ်ဝနားမှာ ရှိလို့ ဆငန်ရေရာ ပေါခြင်း၊ ရီချို ယှားပါးခြင်း၊ နိန်ထိုင်ဖို့ မြေထုမှာလည်း နုန်းမြေ၊ ကျုပ်မြေ ဖြစ်နိန်လို့ အဆောက်အဦး ဆောက်နိုင်လောက်အောင် အောက်ခြေခိုင်ခံမှု မရှိခြင်း၊ စိုက်ပျိုးမြေယှားပါးခြင်း စရေ စိန်ခေါ်မှု တပုံတခေါင်းကြီးကို ထိပ်တိုက်တွိကတ်ရပါရေ။ ဗင်းနစ်မှာ ယာယီနိန်ထိုင်ဖို့ရာ သင့်ပြီးကေ ရေရှည်နိန်ထိုင်ဖို့အတွက် ခက်နိန်ခပါရေ။ ရေရှည်နိန်ထိုင်နိုင်ဖို့အတွက်၊ မြို့ပြတည်ဆောက်နိုင်ဖို့အတွက် အင်ဂျီနီယာတိ၊ တတ်သိနားလည်ရေ ပုဂ္ဂိုလ်တိက ထိုပိုင်စမ်းသပ် အေပိုင်စမ်းသပ်နန့် နောက်ပိုင်းခါ အဖြေတိထွက်လာကတ်ပါရေ။

ပထမဆုံးအနေနန့် သစ်လုံးတိကို စိုက်ပါရေ။ ယင်းသစ်လုံးတိကို နုန်းမြေတိထဲကို ထိုးစိုက်ပါရေ။ နုန်းမြေ၊ ပျော့ရဲရေ သဲမြေတိကို ဖောက်လို့ အောက်ခံခိုင်ရေ သဲမြေကို ရောက်ရေအထိ စိုက်ကတ်ပါရေ။ တချို့နေရာမှာ သဲမြေကို ရောက်ဖို့ ဥပမာ- ၇ ပေ လိုရေပိုင် တချို့နေရာကျကေ ၇ ပေခွဲလောက် စိုက်ကတ်ရပါရေ။ (ဆောက်ဖို့ အဆောက်အဦးပေါ်မူတည်လို့ သစ်လုံးအရှည်အတို ကွာပါဖို့။) အေနေရာမှာ သံလုံးတိကို မသုံးပဲ သစ်သားလုံးကို သုံးရစွာ အကြောင်းကလည်း ရှိပါရေ။ သံလုံးတိရေ ပင်လယ်ဆငန်ရေနန့် ထိတွိပြီးကေ သံချီးလိုက်တိုက်စားလားနိုင်လို့ ရာသက်ပန်ခံနိုင်အောင် သစ်မာလုံးတိကို သုံးလားခြင်း ဖြစ်ပါရေ။ Alderလို့ခေါ်ရေ ဆောင်းရွက်ကြွီပင်တစ်မျိုး(ကချင်အခေါ် မိုင်ဗော်၊ နင်ဗော်၊ ယန်ဗော်)၏ ပင်စည်လုံးတိကို သုံးလားပါရေ။ ယင်းအထက်ကမှ beam အလွှာတစ်ထပ် တင်ပါရေ။ ပြီးကေ ရီတိုက်စားဒဏ်ကို ကောင်းကောင်းခံနိုင်ရေ စကျင်ကျောက်အလွှာကို တင်ပါရေ။ ယင်းအထက်ကမှ ကိုယ်ရို့ဆောက်ချင်စွာကို အုတ်တိနန့် ဆောက်လားပါရေ။

တတ်သိနားလည်ရေ ပညာသျှင်တိ၏ အမျိုးမျိုးစမ်းသပ်မှုတိကနိန် အဖြေရလားခြင်း ဖြစ်ပါရေ။ နောက်ပိုင်းမှာ ဗင်းနစ်ရေ မြို့ကြီးအဖြစ်ကို ချက်ချင်းပြောင်းလဲလားပါရေ။ ဒေသခံတိကလည်း ရီမှာ ကျွမ်းကျင်ကတ်လို့ ပြည်ပရန်တိကို ကာကွယ်နိုင်ပျာယ် တိုးတက်ထွန်းကား ခပါရေ။ နိန်ရာက အကျွန်ရို့ ပေါက်တောမြို့နယ်ထဲက တချို့နိန်ရာတိပိုင် ပင်လယ်ဝနားမှာ ဆားပြင်တိနန့်ဖြစ်လို့ ဆားအများကြီးထွက်ခပါရေ။ ယင်းဆားတိကို ယင်းသူရို့၏ ရီကြောင်းကျွမ်းကျင်မှုနန့် ပေါင်းစပ်ပနာ တခြားမြို့ရွာတိကို ကူးသန်းရောင်းဝယ်ယင်း စီးပွားရေးကုန်စည်စီးဆင်းရာ မြို့ကြီးဖြစ်လာပါရေ။ အရိဘက်က ပိုးထည်တိ၊ ဟင်းခတ်အမွှီးအကြိုင်တိ၊ ပုလဲတိ စရေ ကုန်ပစ္စည်းတိကို အနောက်ဘက်ကို တင်ပို့ယင်း ဗင်းနစ်မြို့ရေ ချမ်းသာတိုးတက်တေ မြို့ကြီး ဖြစ်လာပါရေ။ တရုတ်ပြည်ကို ရောက်လားရေ မာကိုပိုလိုရေ ဗင်းနစ်မြို့ခံ ကုန်သည်တစ်ဦး ဖြစ်ပါရေ။

ရီလမ်းကြောင်းတိက ဗင်းနစ်မြို့ခံတိကို အကျိုးပြုလို့ နှစ်စဉ်နှစ်တိုင်း ဗင်းနစ်မြို့၏ အုပ်ချုပ်သူရေ “အသင်ပင်လယ်၊ ငါရို့လက်ထပ်ပျာယ်။ ငါရို့၏ စိုးမိုးမှု အထိမ်းအမှတ်အဖြစ် အေလက်စွပ်ကို ပီးအပ်ပါ၏။” လို့ ဆိုပျာယ် ရွှေလက်စွပ်တစ်ကွင်းကို ရီထဲကို ၀ဲချတတ်ပါရေ။ အေဂုကတော့ ဗင်းနစ်မြို့ကို အကျိုးပြုရေ ရီပင်လယ်ကပဲ ဗင်းနစ်မြို့၏ ဆက်လက်တည်တံ့နိုင်ဖို့အရေးကို ခြိမ်းခြောက်စိန်ခေါ်နိန်ပျာယ် ဖြစ်ပါရေ။

ယင်းအထဲက အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုကတော့ မြေမျက်နှာ နိမ့်ကျခြင်း ဖြစ်ပါရေ။ တည်ကတည်းက အောက်ခံမြေမှာ သဲကျောက်၊ သက်ရင့်ကျောက်တိခံထားရေ မြေမဟုတ်ပဲ ပင်လယ်ဝနားက နုန်းမြေ၊ သဲမြေဆိုခါ အထက်က အဆောက်အဦးအလီးချိန်တိက အောက်ကို ဖိယင်း ဖိယင်းနန့် ရီထဲကို နိမ့်ကျဝင်လာနိန်ပါရေ။ တချို့အဆောက်အဦးတိ၊ တာဝါတိဆိုကေ စောင်းကျလာနိန်ပါရေ။ အခြားတဘက်မှာလည်း ကဗာကြီးပူနွီးလာမှုကြောင့် ပင်လယ်ရီမျက်နှာပြင်က တဖြည်းဖြည်း တက်လာနိန်ပါရေ။ တချို့ပညာသျှင်တိက ပင်လယ်ရီမျက်နှာပြင် မြှင့်တက်မှုရေ လာဖို့ ဆယ်စုနှစ်တိမှာ ပိုမြန်လာနိုင်ရေလို့လည်း ခန့်မှန်း ပြောဆိုနိန်ကတ်ပါရေ။

ပင်လယ်ဆငန်ရေတိကရာ ဗင်းနစ်မြို့၏ အထက်ပိုင်း အုတ်ထည်တိကို ထိကေ ဆားဓတ်ကြောင့် အုတ်တိ ကြွီမွပျက်စီးလားပါဖို့။ အမြင်သာယာမှုတိအတွက်ရာမက အဆောက်အဦးတိ၏ ဘောင်ထည်ခိုင်ခံမှုတိ (structural integrity)အတွက်ပါ အများကြီး စိုးရိမ်ရပါရေ။ ပြည်သူတိ၏ အသက်အိုးအိမ်စည်းစိမ်တိအတွက် စိုးရိမ်ရပါရေ။ တဖက်မှာ- အမြဲတမ်း ပြန်လည် ပြုပြင်ဖို့စရိတ်တိက တခြား အီတလီပြည်မမှာ နိန်ထိုင်စရိတ်တိထက် အဆမတန် ကြီထွားလာကေ သာမန်ပြည်သူတိ အနိန်နန့် ဆက်နိန်နိုင်ကတ်ဖို့မဟုတ်ပါပျာယ်။ အေပိုင် စိန်ခေါ်မှုတိကို လက်ရှိ အီတလီနန့် ကဗာ့ပညာသျှင်တိက ရေရှည်ကျကျ ဇာပိုင်လုပ်ကတ်ဖို့လဲ၊ ကုန်ကျစရိတ် သက်သက်သာသာနန့် ဇာပိုင်ကိုင်တွယ်ဖြေယှင်းကတ်ဖို့လဲ ဆိုစွာကတော့ စိတ်ဝင်စားစရာပါ။ လောလောဆယ်တော့ ဗင်းနစ်မြို့၏ အနာဂတ်ကတော့ မသဲမကွဲ မရေမရာ ရှိနိန်ပါကြောင်း.....

A&E TV Channel၏ Ancient Mysteries: The Miraculous Canals of Venice မှတ်တမ်းဗီဒီယိုကို မှီငြမ်းသည်။
Read more...

Friday, September 9, 2011

Rohingya Invasion by U Khin Maung Saw (Berlin)

Click here

Read more...

Tuesday, June 14, 2011

အထူးအလုပ်ပီး တရားစခန်း - ရတနာမာရ်အောင် ဆရာတော်

အထူးအလုပ်ပေး တရားစခန်း Read more...

Monday, June 13, 2011

သမိုင်းရီး မှန်ပါစီ - ရတနာမာရ်အောင် ဆရာတော်

သမိုင်းရေး မှန်ပါစေ Read more...

ရတနာမာရ်အောင် ဆရာတော် ရွှေရတုအထိမ်းအမှတ် စာစောင်

ရတနာမာရ်အောင် ဆရာတော် ရွှေရတု အထိမ်းအမှတ် စာစောင်
Read more...

တောရစံပျော် မြတ်သူတော် - ရတနာမာရ်အောင် ဆရာတော်

တောရစံပျော် မြတ်သူတော် Read more...

Thursday, June 9, 2011

လောကမဉ္စူစေတီတော် အဖြစ်အပျက် - ပြည်တွင်းစာရွီးဆရာတစ်ဦး

အေချင့်ကို နှိပ်ပါ

Read more...

Sunday, June 5, 2011

Burma's Western Border as Reported by the Diplomatic Correspondence by Dr. Aye Chan


Read more...

Sunday, May 29, 2011

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံရေးနန့် ဥပဒေ

ကမ္ဘာကျော် ယေးလ် တက္ကသိုလ်ကြီးမှ ပို့ချသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံရေးနန့် ဥပဒေ အတန်းကို အင်တာနတ်ထက်မှာ အလကား တင်ပီးထားစွာဖြစ်ပါရေ။ အင်္ဂလိပ်စာ အောက်ခံစာတန်းထိုးထားပီးရေ အတွက်ကြောင့်လည်း ကြည့်ရှုနားထောင်သူကို ပိုပြီးကေ နားလည်လွယ်စီဖို့ဖြစ်ပါရေ။ ယင်းပိုင်ပျာယ် တခြား စိတ်ဝင်စားဖွယ် အတန်းတိကိုလည်း လေ့လာသင်ယူနိုင်ပါရေ။ တစ်ယောက်စီအရည်အချင်းမြှင့်မှ လူမျိုးမြှင့်နိုင်ဖို့ ဖြစ်တေအတွက်ကြောင့် ရခိုင်အမျိုးသားအမျိုးသမီးများ လေ့လာနိုင်ဖို့ မျှဝီလိုက်ရပါရေ။ ပို့ချမှုတိကို ကြည့်ရှုဖို့ အေနိန်ရာကိုနှိပ်ပါ။ Read more...

Wednesday, May 25, 2011

လေးဝတီနှင့် လေးကိုင်းသဏ္ဌာန်မြေ - လောကပါလနတ်မင်း

Read more...

Monday, May 23, 2011

ရခိုင့်သဘာဝပတ်ဝန်းကျင်ကို သဂြိုလ်ခြင်း

အကျွန်ရို့၏ ရက္ခပူရတိုင်းဌာနီကို သမုတ်ထားရေ နာမေတိထဲမှာ သန္တာမြီဆိုစွာလည်း တစ်ခုအပါအ၀င် ဖြစ်တေ။ အကြောင်းမှာ ကီလိုမီတာ ၇၄၀ ရှည်လျားရေ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ သန္တာကျောက်တန်း ကျောက်ပန်းခက်ကြီးတိ တည်ဟိနိန်လို့ပဲဖြစ်ပါရေ။ သင့်တော်ရေ ရာသီဥတု၊ သင့်တော်ရေ ရီအပူချိန်စရေ အရင်းခံသဘာဝတရားတိ ကောင်းမွန်မှုကြောင့် သန္တာကျောက်တန်းတိရေ နှစ်ပေါင်း သန်းနန့်ချီအောင် ကြာညောင်းတည်တံလျှက်ဟိနိန်ခကတ်တေ။ ရခိုင်ပြည်၏ ခေတ်အဆက်ဆက်က မှီခိုအားထားလာကတ်ရရေ ရီထွက်ကုန်လုပ်ငန်းကိုလည်း အကျိုးပြုလာခပါရေ။ ငါး၊ပုစွန်လုပ်ငန်းရေ ဂနိန့်ရခိုင်ပြည်၏ နိုင်ငံခြားဝင်ငွေ ယှာအပီးဆုံး စီးပွားရေးတစ်ခု ဖြစ်တေ။ (ပုစွန်ကန်ဧကဆိုကေ ၉၇-၉၈ ခုနှစ်လောက်က ၅သောင်းကျော်ရာ ဟိခစွာကနိန် ၀၅-၀၆လောက်မှာ ၂ သိန်း ၂ သောင်း ၀န်းကျင်ထိ ဟိလာသည်။) နောင်အနာဂတ်အတွက်လည်း အရေးကြီးရေ စီးပွားရေးအဆောက်အအုံကြီးတစ်ခုလည်း ဖြစ်တေ။ ယင်းအတွက်ကြောင့် ရက္ခသန္တာမြီ၏ သန္တာကျောက်တန်းတိရေ ရခိုင်ပြည်၏ အမြုတေ ရတနာတစ်ခုဖြစ်တေ။


မြောက်ဦးက ဘိုးစိုင်ဘောင်ဆက် ကိုးကွယ်နိန်ရေ ဘုရားကို ဆီးမီးပန်း ကပ်ဖို့ လားခါမှ ရထားလမ်းစီမံကိန်းကြောင့် ဘုရားတစ်ခြမ်းပါလခပျာယ်မှန်း သိခကတ်ရရေပိုင် အဂုတစ်ဖန်လည်း ရခိုင်ပြည်၏ အမြုတေ ရတနာကို ဒိုင်းနမိုက်ခွဲပနာ ဖျက်ဆီးပလိုက်ပျာယ်လတ်။ ငါးတိလည်း အများအပြား သီကတ်ပါရေလတ်။ သန္တာကောင်ချေတိ၏ လုံ့လနန့် နှစ်ပေါင်းများစွာ တည်ဆောက်ထားရေ သန္တာကျောက်စိုင်တိကို ယင်းသူရို့က စက္ကန့်ပိုင်းအတွင်းမှာ ဖျက်ဆီးပလိုက်ကတ်ပါပျာ။ "ဖြစ်ပျက် ဖြစ်ပျက်"လို့ အနိစ္စတရားကို ရှုရဖို့အစား "ဖြစ်လခယာ ပါလခယာ"လို့ရာ ရှုမှတ်ကတ်ရဖို့ပျာယ်လာ။ မဖြစ်ခင် မသိရရေ ဘ၀၊ မပြောချင် ဂျောင်ထိုးခံထားရရေ ဘ၀၊ မဖြစ်ခင် တားပိုင်ခွင့်မဟိရေ ဘ၀၊ ဖြစ်ပျက်ပြီးကေလေ့ ဇာလောက် ဖြစ်ပျက်လားခလဲ မသိရရေ ဘ၀။

နိုင်ငံခြားကော်ပိုရေးရှင်းတိ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတိရေ မြှုပ်နှံခြင်းခံရရေ ဒေသအတွက် စီးပွားရေးဆိုင်ရာ အကျိုးရလဒ်တိကို ပေါ်ထွန်းစီနိုင်ရေ အတွက်ကြောင့် ယေဘုယျအားဖြင့်ဆိုကေ ကြိုဆိုသင့်စွာတော့ အမှန်ပါရာ။ ယေကေလေ့ အဂုပိုင် စနစ်ဆိုး စနစ်ပျက်ကြောင့် ကိုယ့်ပြည်အတွက် အကျိုးမဟိရေအပြင် စီးပွားရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုတိကိုရာ ရခိုင်သားတိမှာ လက်ဝယ်ပိုက်ကတ်ရပါရေ။ ကိုယ့်ပြည်က သဘာဝဓာတ်ငွေ့ထွက်ယင့်သားနန့် ဖွဲခွံလောင်စာနန့် မီးထွန်းကတ်ရဖို့အနေအထားကို ရောက်နိန်ကတ်ပါပျာယ်။ (ယင်းချင့်တောင် ရက်တိုင်း၊ နေရာတိုင်း ရကတ်ဖို့မဟုတ်ပဲနန့် ကျေးဇူးကြီးလှပါပေတယ် သမ္မတကြီးရေ ဆိုပြီးကေ ထိုင်ရှိခိုးခိုင်းဖို့သိယေ။)

တရုတ်တိ တည်ဆောက်နိန်ရေ စီမံကိန်းတိမှာ ရီနံသန့်စင်ရေးစက်ရုံ၊ ဓာတုဗေဒစက်ရုံတိကလည်း ပါနိန်ရေ။ ယင်းချင့်တိက ရခိုင့်သဘာဝပတ်ဝန်းကျင်အတွက် အထူးစိုရိမ်စရာပါ။ နဂိုကတည်းက စီးပွားရေးနန့် ပတ်သက်လာကေ ဇာတစ်ခုကိုလေ့ ဂရုမစိုက်ဆိုပြီးကေ နာမေကြီးရေ တရုတ်ကုမ်ပဏီတိနန့် မိမိအာဏာမြဲရေးနန့် ပတ်သက်လာကေ ဇာတစ်ခုကိုလေ့ ဂရုမစိုက်တေ နအဖရို့၏ အကြင်လင်မယားဇာတ်ကြောင့် ရခိုင့်သဘာဝပတ်ဝန်းကျင်ရေ ငါးပါးမကလို့ အပါးငါးရာတောင် မှောက်လားနိုင်ရေ။

အရှေ့အလယ်ပိုင်းက လာလတ်တေ ရီနံတင် သင်္ဘောတိ ရခိုင်ပြည်ကမ်းရိုးတန်းနားမှာ ယိုကျလားရေ မှောက်လားရေ ဆိုဂေ ဇာဖြစ်လားဖို့လဲ။ ရီနံတင်သင်္ဘောကနိန် ပိုက်လိုင်းကို အပြောင်းမှာ ယိုကျလားကေ ဇာပိုင်လုပ်ဖို့လဲ။ အနောက်တောင်မုတ်သန်လီ ဆိုင်ကလုန်းဝင်ရောက်မှုကြောင့် ရီနံနန့် တခြား ဓာတ်တုပစ္စည်းတင် သင်္ဘောတိ မှောက်လားကေ သူရို့ ဇာလုပ်ကတ်ဖို့လဲ။ ရီနံသန့်စင် စက်ရုံက ထွက်ဟိလာဖို့ အညစ်အကြေးတိကို ဇာကို သွန်ချကတ်ဖို့လဲ။ ဓာတုအညစ်ကြေးတိကိုဝါ ဇာပိုင်ကိုင်တွယ်ကတ်ဖို့လဲ။ အေလောက် ဥပဒေတင်းကြပ်တေ အမေရိကမှာတောင် ပြီးခရေ နှစ်ထဲက မက္ကဆီကို ပင်လယ်ကွေ့မှာ ရီနံတူးစင်ပေါက်ကွဲမှုကြောင့် ရီနံယိုဖိတ်လို့ ဘီလီလျံပေါင်းများစွာ ဆုံးရှုံးကတ်ရပါရေ။ သားငါးတိရိစ္ဆာန်ပေါင်းများစွာ သီဆုံးကတ်ရပါရေ။ ပုစွန်လုပ်ငန်း၊ ငါးလုပ်ငန်းတိကို အကြီးအကျယ် ဂယက်ရိုက်ခတ်လားရေ။ ယင်း၏အကျိုးယုတ်တိကို နောက်နှစ်ပေါင်းများစွာ ခံကတ်ရဖို့သိဖြစ်တေ။

တရုတ်နိုင်ငံမှာဆိုကေ ပိုတောင် ဆိုးသိရေ။ နှစ်တိုင်း ရီနံယိုဖိတ်မှုတိ တပုံတခေါင်းကြီး။ ပြီးခရေ နှစ် (၂၀၁၀) ဇွန်လက တရုတ်ပြည်၏ အရှေ့မြောက်ဘက်မှာ ဟိရေ ဒဲလ်လီယံလို့ခေါ်ရေ ပင်လယ်ဆိပ်ကမ်းမှာ ရီနံယိုဖိတ်ခရေ။ ရီနံတင်သင်္ဘောကနိန် ပိုက်လိုင်းကို အပြောင်းမှာ ပိုက်လိုင်းနှစ်လိုင်း ပေါက်ကွဲလို့ ရီနံဆီ စည်ပေါင်း ၄သိန်းကျော် ယိုကျလားရေ။ စတုရန်းကီလိုမီတာ ၄၃၀ ကျော်ရေ ပင်လယ်ရီမျက်နှာပြင်ရေ ရီနံဆီတိနန့် ပြန့်ကြဲ ညစ်ပတ်လားရေ။ ယင်းပိုင်ရခိုင်ပြည်မှာလည်း ဖြစ်ဖို့လို့ ပြောလို့ရရေ။ ဇာခါဖြစ်ဖို့လဲရာ စောင့်ကြည့်ရဖို့။ ယင်းပိုင်ဖြစ်ကေ၀ါ။ ခံရဖို့စွာက ရခိုင်သားတိ။ ခံရဖို့စွာက ရခိုင်ပြည်၏ သန္တာကောင်တိ၊ သားငါးပုစွန်တိ၊ လမုတောတိ၊ အကျိုးမြီတိ (wetlands)စရေ သဘာဝပတ်ဝန်းကျင်တိ။ ယင်းနစ်နာမှုတိ၊ နှစ်ပေါင်းတာရှည်နိုင်ရေ ဆုံးရှုံးမှုအတွက်ကလေ့ နစ်နစ်ကြေးရဖို့လမ်းကလည်း မမြင်။ ကျောက်ဖြူက တရုတ်လုပ်ငန်းခွင်တစ်ခုမှာ ကားတိုက်ခံရလို့ ဆေးရုံတင်ရရေ မိန်းမတစ်ယောက်ကို မသဒ္ဒါရီစာ ကျပ် ၂၀၀၀ ရာ နစ်နာကြေးပီးရေလတ်။

မှီငြမ်း
1. National Oceanic and Atmospheric Administration, Coral 101, http://coralreef.noaa.gov/aboutcorals/coral101/, accessed on May 22, 2011.
2. Food and Agriculture Organization of the United Nations, Myanmar - Mission Report on Coastal Aquaculture, http://www.fao.org/docrep/004/ad497e/ad497e05.htm, accessed on May 22, 2011.
3. The Boston Globe, Oil Spill in Dalian, China, http://www.boston.com/bigpicture/2010/07/oil_spill_in_dalian_china.html, accessed on May 22, 2011.
4. Mya Than Tun, Dr. Yin Yin Moe, Soe Hla, Update Fisheries Information, Environment and Overview, http://iwlearn.net/iw-projects/Fsp_112799469247/reports/IWS-14%20Country%20Report%20-%20Myanmar.pdf, accessed on May 23, 2011.
5. Narinjara, ဂတ်စ်ပိုက်လိုင်းတည်ဆောက်ရာတွင် ဒိုင်းနမိုက်ဖြင့် ကျောက်ဆောင်များကို ဖြိုချနေသဖြင့် ရေနေသတ္တ၀ါများ သေဆုံးနေ, http://www.narinjara.com/detailsbur.asp?id=3180, accessed on May 22, 2011.
6. Narinjara, ကားတိုက်ခံရ၍ ဆေးရုံတင်ရသူ အမျိုးသမီးကို တရုတ်ကုမ်ပဏီက ငွေ ၂၀၀၀ သာ လျော်ကြေးပေး, http://www.narinjara.com/detailsbur.asp?id=3171, accessed on May 22, 2011.
Read more...

Saturday, April 30, 2011

တလွဲရာ

သူရို့ ဇာရောက်လားကတ်လေမသိ။
တပတ်လုံးလုံး ယင်းသူရို့ကြောင့် မှောင်မှိုင်းပြီးကေ နိန်လို့မကောင်း။

အေနိန့်တော့ ပေါ်မလာ။
ကောင်းကင်တစ်ခုလုံး ပြာပြာလင်းလင်း။
ပတ်ဝန်းကျင်ကလည်း နီရောင်ခြည်တိနန့် စိုစွတ်လို့။
အစိမ်းရောင်တိကလည်း အားလုံးကို နီရာယူလို့။

သငယ်ချင်းတစ်ယောက်က ဖုန်းဆက်တေ။
"ဝေး.. အေနိန့်လာဖို့မနား"
အကျွန်'မိန့်' လားရေ။
သူပြောမှ အတွက်ပေါ်လာရေ။
ခပ်တည်တည်နန့်
"မလာပဲ ဟိဖို့လားယေ"


မိုးရွာထားလို့ ဖြစ်နိန်ရေ အိမ်ရိက ပန်းမွေ့ယာကို နင်းလျှောက်လာယင်းနန့်...

"အဝေး.. တစိက မမှန်"
"အားလုံးက တလွဲရာ"
အကျွန်အော်လိုက်မိရေ။
တော်သိရေ။ အနားမှာ လူမဟိလို့။

အမှန်တကယ်ဖြစ်သင့်စွာက အိမ်ရိက လမ်းက ငါအိပ်တေ ကြမ်းခင်းပိုင် မာတောင့်နိန်ရဖို့စွာ။
အပင်စိမ်းတိကိုလည်း အကျွန် မကျေနပ်။
နီရောင်ခြည်ကိုလည်း အကျွန် မကျေနပ်။
ဇာဖြစ်လို့ ပိုတိုဆင်းသစ်ဆစ် လုပ်ပီးနိန်ရလေ။
အစိမ်းရောင်တိက အားလုံးကို နိန်ရာယူလို့။
ဇာဖြစ်လို့ အစိမ်းရောင်တိကိုပဲ ဖန်တီးပီးနိန်ရလေ။
တခြားအရောင်ချေတိကိုလည်း ဖန်တီးအုံးသိပလင်။

အကျွန် သတိရလို့နာရီကြည့်လိုက်မိရေ။
အကျွန်နောက်ကျနိန်ပျာယ်။

ခြီလှမ်းတိကို ကကျယ်လှမ်းယင်းနန့် ကမူးကရူး လားနိန်မိရေ။
နောက်ကျလို့မဖြစ်။
အေနိန့် ဗိုလ်လောင်းသင်တန်းကျောင်း ဖောင်ပိတ်ဖို့။ ။

--------------------------------------------------------------------
အကို့စာတိက နည်းနည်း လလီးချေ ခံပါရေ ဆိုရေ ဘော်ဒါတိအတွက် အသစ်ချေတစ်ပုဒ်ကို စမ်းကြည့်လိုက်ပါယင့်။ Feedback ပီးရေအတွက် ကျေးဇူးတင်ပါရေ။
Read more...

 
© Copyright by AS  |  Template by Blogspot tutorial